အိန္ဒိယရဲ့ အရှည်ဆုံး တံတားဖွင့်လှစ်

  • 26 မေ 2017
ဓာတ်ပုံ မူပိုင် Pronib Das
Image caption အိန္ဒိယစစ်တပ်အနေနဲ့လည်း ဒီတံတားကြောင့် တရုတ်နယ်စပ်ဘက်ကို မြန်မြန် တပ်ဖြန့်နိုင်မှာ ဖြစ်

အိန္ဒိယနိုင်ငံက အာသံပြည်နယ်နဲ့ အရူနာချေ ပရာဒေ့ရှ်ပြည်နယ်တို့ကို ဆက်သွယ်ပေးလိုက်တဲ့ နိုင်ငံတွင်း အရှည်ဆုံးတံတားရဲ့ ဖွင့်လှစ်ပွဲမှာ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက မိန့်ခွန်းပြောခဲ့ပါတယ်။

ဒီ တံတားကြောင့် အိန္ဒိယ အရှေ့မြောက်ပိုင်း စီးပွားရေး တိုးတက်ဖို့ တံတားဖွင့်ပေးလိုက်သလိုပဲလို့ မစ္စတာ မိုဒီက ပြောဆိုခဲ့ပါတယ်။

၉ ကီလိုမီတာရှည်တဲ့ ဒီတံတားဟာ ဘရာမာပွတ်တရာ မြစ်ကို စီးတဲ့ မြစ်ငယ် တခုကို ဖြတ်ဆောက်ထားတာ ဖြစ်ပြီး ပြည်နယ်နှစ်ခုအကြား သွားလာချိန်ဟာ ဒီတံတားကြောင့် လေးနာရီအထိ လျော့သွားမှာ ဖြစ်ပါတယ်။

အိန္ဒိယစစ်တပ်အနေနဲ့လည်း ဒီတံတားကြောင့် တရုတ်နယ်စပ်ဘက်ကို မြန်မြန် တပ်ဖြန့်နိုင်မှာ ဖြစ်ပါတယ်။

ဒီတံတားရဲ့ နာမည်ကိုလည်း ဒီဒေသတဝိုက်မှာ ထင်ရှားတဲ့အဆိုတော် နာမည်ကို အစွဲပြုပြီး ဘူပန် ဟတ်ဇရီကာ တံတားလို့ ဝန်ကြီးချုပ်မိုဒီက အမည်ပြောင်းပေးခဲ့ပါတယ်။