အီဂျစ်မှာ ကော့ပ်တစ် ခရစ်ယာန်တွေ တိုက်ခိုက်ခံရ

  • 26 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အီဂျစ်မှာ ကော့ပ်တစ် ခရစ်ယာန်တွေ တိုက်ခိုက်ခံရ

အီဂျစ်နိုင်ငံမှာ ကော့ပတစ် ခရစ်ယာန်တွေ တင်လာတဲ့ ဘတ်စ်ကား နှစ်စီးကို သေနတ်သမားတွေက ချုံခို တိုက်ခိုက် ခဲ့တဲ့အတွက် လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ရပါတယ်။

မြို့တော် ကိုင်ရိုရဲ့ တောင်ပိုင်းက မင်ညာဒေသမှာ ဖြစ်ခဲ့တဲ့ ဒီ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂၆ ယောက် သေဆုံးခဲ့သလို နောက်ထပ် ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပြီး ကော့ပ်တစ် ဘုရားကျောင်း တခု အသွားမှာ အခုလို တိုက်ခိုက်ခံရတာပါ။

အီဂျစ်နိုင်ငံက ကော့ပတစ် ခရစ်ယာန်တွေက ပြီးခဲ့တဲ့ လတွေမှာ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ကြုံနေရပြီး ဒါဟာ သူတို့ရဲ့ လတ်တလော တတိယအကြိမ် အဓိက တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ကော့ပတစ် ဘုရားကျောင်း ၂ ကျောင်း ဗုံးခွဲခံရမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ