ဂီတပွဲ ပရိသတ်အတွက် ဘီယာကို ပိုက်လိုင်းနဲ့သွယ်

  • 26 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption တယောက်ကို ဘီယာ ၅ လီတာလောက် သောက်တတ်တယ်

ဂျာမနီမှာ ကျင်းပမယ့် ရော့ခ် ဂီတပွဲ တခုမှာ ပရိသတ်တွေ အတွက် ဘီယာကို ပိုက်လိုင်းနဲ့ သွယ်ဖို့ စီစဉ်နေပါတယ်။

သြဂုတ်လမှာ ကျင်းပမယ့် Wacken လေဟာပြင် ဂီတပွဲတော်မှာ တစက္ကန့်ကို ဘီယာ တဖန်ခွက်နှုန်း စီးနိုင်အောင် စီစဉ်ထားတယ်လို့ ပွဲကျင်းပသူတွေက ဆိုပါတယ်။

၃ ရက် ကြာ ကျင်းပမယ့် ဒီပွဲတော်ကို နှစ်စဉ် လူ ၇ သောင်းခွဲလောက် တက်လေ့ရှိပြီး တယောက်ကို ဘီယာ ၅ လီတာလောက် သောက်တတ်တယ်လို့ ခန့်မှန်းတွက်ချက် ထားကြပါတယ်။

ဒီလို ဘီယာကို ပိုက်နဲ့သွယ်တာဟာ နေ့စဉ် လော်ရီကားတွေနဲ့ သယ်တာထက် ပိုပြီး ပတ်ဝန်းကျင် ထိခိုက်မှုနည်းတယ်လို့လည်း ပွဲစီစဉ်သူတွေ ဘက်က အကြောင်းပြပါတယ်။

ရေကိုလည်း ပိုက်နဲ့ပဲ သွယ်မယ်လို့ ဆိုပါတယ်။