မန်ချက်စတာ ဗုံးခွဲသမားရဲ့ CCTV ပုံအသစ်တွေ ရဲထုတ်ပြန်

  • 28 မေ 2017
ဓာတ်ပုံ မူပိုင် Greater Manchester Police
Image caption မန်ချက်စတာမြို့ ဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့ ညက ဗုံးခွဲသမား Salman Abedi ကို CCTV မှာ မြင်ရပုံ

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့မှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ ညက အသေခံ ဗုံးခွဲသမားရဲ့ CCTV ပုံအသစ်တွေကို ရဲက ထုတ်ပြန်လိုက်ပါတယ်။

အသေခံဗုံးခွဲသမား Salman Abedi ဟာ ဂျင်းဘောင်းဘီ၊ ထရိန်နာ ဖိနပ်နဲ့ အရောင်ရင့် ဂျက်ကက်ကို ဝတ်ထားပြီး ကျောပိုးအိတ် တလုံး လွယ်ထားတာ တွေ့ရပါတယ်။

ဒီဗုံးကို Salman Abedi ဘယ်လို လုပ်ခဲ့သလဲ၊ သူ့အပေါင်းပါတွေက ဘယ်သူတွေလဲ၊ ပိုကျယ်ပြန့်တဲ့ လျှို့ဝှက် ပူးပေါင်း ကြံစည်ချက် စတာတွေနဲ့ ပတ်သက်လို့ သိသာထူးခြားတဲ့ သတင်းအချက်အလက်တွေ အခုအခါ ရထားပြီးပြီလို့ ရဲက ပြောပါတယ်။

နေရာပေါင်း နေရာကို ရှာဖွေ စစ်ဆေးနေပြီး အကြမ်းဖက်မှုဆိုင်ရာ မသင်္ကာမှုနဲ့ လူ ၁၁ဦးကို ဆက်လက် ထိန်းသိမ်းထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဗြိတိန် အစိုးရက အကြမ်းဖက်မှု သတိပေး အန္တရာယ်အဆင့်ကို အရေးတကြီးအဆင့်ကနေ စိုးရိမ်ရဆဲ အဆင့်ကို လျှော့ချ သတ်မှတ်လိုက်ပါတယ်။