မိုဆူးလ်မြို့ခံတွေ လူသား အခြေခံ လိုအပ်ချက် မရတာအပြင် အသက် အန္တရာယ်ကြီးလာ

  • 28 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ အရပ်သား ၅ သိန်း ၈ သောင်းလောက် ရှိ

အီရတ်အစိုးရတပ်ရဲ့ မိုဆူးလ်မြို့သိမ်းတိုက်ပွဲတွေ ကြောင့် မြို့ခံတွေ အတွက် အစာရေစာ၊ ဆေးဝါးနဲ့ လျှပ်စစ်မီးမရတာအပြင် တိုက်ပွဲကြားမှာ ပိတ်မိပြီး အသက်ဆုံးနိုင်တဲ့ အခြေအနေရောက်နေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ဖြေဖျောက်ရေး ကြီးကြပ်သူ မစ္စ လီစာ ဂရန်းဒေးက

'အစ္စလာမ္မစ်နိုင်ငံ အဖွဲ့တွေက ထွက်ပြေးတဲ့ မိသားစုတွေကို တိုက်ရိုက်ပစ်မှတ်ထားနေတယ်ဆိုတာ ကျမတို့ သိထားတော့ အခက်အခဲတွေကြားမှာ ပိတ်မိနေတဲ့ အရပ်သားတွေ အတွက် အသက်အန္တရာယ်တွေ ပိုပြီး စိုးရိမ်လာရပြီ'လို့ ပြောဆိုခဲ့ပါတယ်။

စစ်သွေးကြွတွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မိုးဆူးလ်မြို့ဟောင်းနေရာ အနီးတဝိုက်မှာ ကလေးငယ်တွေကို လက်ဖြောင့်တပ်သားတွေက တမင်တကာ ပစ်ခတ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစိုးရစစ်တပ်အနေနဲ့တော့ စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို တစတစ ရှေ့တိုး သိမ်းပိုက်မှု အောင်မြင်နေတယ်လို့ ပြောဆိုနေပါတယ်။

အီရတ် အစိုးရ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ အရပ်သား ၅ သိန်း ၈ သောင်းလောက် ရှိသွားပြီလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ