မြောက်ကိုရီးယား မစ်ဆိုင်းဒုံး ပစ်လွှတ်

  • 28 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ဖို့ တောင်ကိုရီးယား သမ္မတသစ် တောင်းဆို

မြောက်ကိုရီးယားက အမျိုးအစား မခွဲနိုင်တဲ့ မစ်ဆိုင်းဒုံးတစင်းကို နိုင်ငံ အရှေ့ကမ်းရိုးတန်း ဝန်စန်း ဒေသကနေ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ဆိုပါတယ်။

ဒုံးကျည်ဟာ ကီလိုမီတာ ၄၅ဝ လောက် ပျံသန်းသွားပြီး ဂျပန်ပင်လယ်မှာ ထိုးဆင်းတယ်လို့ တောင်ကိုရီးယား ဘက်က ပြောပါတယ်။

ဒါဟာ ဒီနှစ်ထဲမှာ မြောက်ကိုရီးယားဘက်က နဝမမြောက် ပစ်လွှတ်တဲ့ ဒုံးကျည် ဖြစ်ပါတယ်။

ကျွန်းဆွယ် တင်းမာမှုတွေ မြင့်တက်နေလို့ နိုင်ငံ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ဖို့လည်း တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေအင်း က တောင်းဆို ထားပါတယ်။

ဂျပန်ကတော့ မြောက်ကိုရီးယားရဲ့ ထပ်ခါ ထပ်ခါ ရန်စတာကို သည်းမခံနိုင်ဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယား အန္တရာယ်ဟာ တောင်ကိုရီးယား၊ ဂျပန်နဲ့ ရုရှ၊ တရုတ် နိုင်ငံတွေကိုပါ ထိခိုက်နေတယ်၊ ဒီပဋိပက္ခဟာ ကပ်ဘေးကြီးလည်းဖြစ်သွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင်မ် မက်တစ်က ရုပ်သံမှာ ပြောကြား ခဲ့ပါတယ်။

တာလတ်ပစ် မစ်ဆိုင်းဒုံးတစင်းကို ဂျပန် ပင်လယ်ထဲ ကီလိုမီတာ ၅ဝဝ လောက်ထိ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့လည်း အရင်ပတ်ကပဲ မြောက်ကိုရီးယား ဘက်က အတည်ပြုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ