အင်ဂလာမာကဲလ် ဂျာမနီ ရပ်တည်ချက် ကို ပြော

  • 28 မေ 2017
ဓာတ်ပုံ မူပိုင် CHRISTIAN BRUNA
Image caption ဘီယာသောက်ရင်း မဲဆွယ်တဲ့ ဝန်ကြီးချုပ်

ဂျာမနီနိုင်ငံ မြူးနစ်မြို့ မှာ ဂျာမန်ဝန်ကြီးချုပ် အင်ဂလာမာကဲလ် က လာမယ့် စက်တင်ဘာလ ရွေးကောက်ပွဲ အတွက် မဲဆွယ် စကားပြောကြားရင်း ဂျာမနီ ရဲ့ ရပ်တည်ချက် ကို ပြတ်ပြတ်သားသား ပြောခဲ့ပါပြီ။

ကျမ ဒီရက်ပိုင်း အတွင်းမှာ သဘောကောင်းကောင်း ပေါက်သွားတာကတော့ ကျမတို့ ဥရောပ တိုက်သားတွေ ဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလို့ ရအောင် ကိုယ်ဘာသာ ပဲ ကိုင်တွယ် ဆုံးဖြတ်မယ် ဆိုတဲ့ အချက် ပါပဲ။ အမေရိကန်၊ ဗြိတိန် နဲ့ ရုရှ တို့ကို မိတ်ဆွေ သဘောထားပြီး ဆက်ဆံ မှာပါ။ ဒါပေမဲ့ ကျမတို့ရဲ့အနာဂတ် ကို ကိုယ့်ဘာသာ တိုက်ယူရမှာပါ။ ဥရောပ တိုက်သား တွေ အနေနဲ့ အနာဂတ် ကို ချီတက်ရာမှာ ကျမ ရှင်တို့နဲ့ လက်တွဲ လုပ်ကိုင်ချင်ပါတယ် လို့ ပြောခဲ့တာပါ။

သူ အခုလိုပြောရခြင်းကလည်း ပြီးခဲ့တဲ့ ဂျီ ဆဲဗင်း ညီလာခံမှာ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပူးတွဲ ကြေညာချက် ထုတ်ပြန် ရေးမှာ အမေရိကန် က မထောက်ခံတဲ့ အတွက် အင်ဂလာမာကဲလ် က စိတ်ပျက်ပြီး အထက်ပါစကားတွေ ပြောခဲ့တာပါ။ ဗြိတိန် ကလည်း ဥရောပ သမဂ္ဂ က ထွက် တော့မှာမို့ သူ့အနေနဲ့ ပြင်သစ် ခေါင်းဆောင်သစ် သမ္မတ မက်ကရွန်း နဲ့ပဲ တွဲဘက်ညီမယ့် အပိုင်းရှိနေတာပါ။

ဒါကြောင့်မို့လည်း ဝန်ကြီးချုပ် မာကဲလ် အနေနဲ့ ဥရောပ ကို ဦးဆောင်ဦးရွက်လုပ်ယင်း အားယူရတော့ မယ့် စကားတွေ ပြောလိုက်ခြင်း အားဖြင့် လေးလသာ လိုတော့တဲ့ ဂျာမနီ ရွေးကောက်ပွဲ မှာပဲ နောက်ထပ် ဝန်ကြီးချုပ် သက်တမ်း အတွက် အရွေးခံရဖွယ် ရှိတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဒေမီယံ မက်ဂီးနစ် က သုံးသပ် ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ