စစ်သွေးကြွတွေဆီကနေ ဖိလစ်ပိုင်မြို့ကို ပြန်သိမ်းနေ

  • 29 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖိလစ်ပိုင် စစ်တပ်က မရာဝီ မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ပြော

ဖိလစ်ပိုင်အစိုးရတပ်ဟာ နိုင်ငံတောင်ပိုင်း မရာဝီမြို့နေရာအများစုကို အစ္စလာမ္မစ်စစ်သွေးကြွတွေ လက်ထဲကနေ ပြန်သိမ်းယူနိုင်ပြီလို့ ဖိလစ်ပိုင်စစ်တပ်ဘက်က ပြောပါတယ်။

မရာဝီမြို့မှာ နှစ်ဖက်ကြား ပြီးခဲ့တဲ့ သတင်းပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။

အစ္စလာမ္မစ်မော်တေအုပ်စုဟာ အိုက်အက်စ်ရဲ့ ဩဇာခံဖြစ်တယ်လို့ မကြာခင်က ကြေညာထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

အစိုးရတပ်ဘက်က နေရာအများစု ထိန်းချုပ်နိုင်ပြီဆိုပေမယ့် တိုက်ပွဲတွေက ဆက်ဖြစ်နေပါတယ်။ အစိုးရတပ်ဘက်က ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေလည်း လုပ်နေပါတယ်။

တိုက်ပွဲတွေကြောင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး အများစုကတော့ စစ်သွေးကြွတွေ ဖြစ်တယ်လို့ စစ်တပ်ဘက်က ပြောပါတယ်။

မြို့ထဲမှာ အရပ်သားတချို့လည်း ပိတ်မိနေဆဲ ဖြစ်ပါတယ်။