မန်ချက်စတာ ဗုံးခွဲခဲ့သူ ရဲ့ လှုပ်ရှားမှု ဓါတ်ပုံ အသစ် တွေ ရဲ ထုတ်ပြန်

  • 30 မေ 2017
ဓာတ်ပုံ မူပိုင် GMP
Image caption ဖောက်ခွဲရေး ပစ္စည်းတွေ ကို သယ်ဆောင် လာတာ ဖြစ်နိုင်ကြောင်း ရဲက ယုံကြည် နေ

ဗြိတိန် နိုင်ငံ မန်ချက်စတာ မြို့မှာ ပြီးခဲ့တဲ့ တစ်ပါတ် က အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက် ခဲ့သူ ဆာလ်မန် အဘီဒီ သွားလာလှုပ်ရှား ခဲ့တဲ့ မှတ်တမ်း ဓါတ်ပုံ သစ် တွေကို ရဲတပ်ဖွဲ့ က ထုတ်ပြန်လိုက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။

အဲဒီ ဓါတ်ပုံတွေ ထဲမှာ အကြမ်းဖက် သမား ဆာလ်မန် အဘီဒီ ဟာ အပြာရောင် ခရီးဆောင် အိတ် ကြီးကို သယ်ဆောင်ပြီး သွားလာ နေတာကို တွေ့ရပါတယ်။

CCTV ရိုက်ကူးမှု ကနေ ပြန်လည် ထုတ်ယူ ထားတဲ့ မှတ်တမ်းပုံတွေဟာ အကြမ်းဖက် တိုက်ခိုက်မှု မဖြစ်ပွား ခင် တစ်ရက် အလိုမှာ ရိုက်ကူး ထားတာ ဖြစ်ပြီး ဖောက်ခွဲရေး ပစ္စည်းတွေ ကို သယ်ဆောင် လာတာ ဖြစ်နိုင်ကြောင်း ရဲက ယုံကြည် နေပါတယ်။

ဆာလ်မန် အဘီဒီ ရဲ့ လှုပ်ရှား မှုတွေကို မြင်တွေ့ ခဲ့ကြသူတွေ အနေနဲ့ ရဲစခန်းမှာ လာရောက် သတင်းပေးကြဖို့ကိုလည်း ရဲစခန်း က တိုက်တွန်း ထားပါတယ်။

မန်ချက်စတာ တိုက်ခိုက် ခံခဲ့ရမှု နဲ့ ပတ်သက်ပြီး ရဲ တပ်ဖွဲ့က ဆက်လက် ဖမ်းဆီးတာတွေ၊ ဝင်ရောက် ရှာဖွေတာတွေ ပြုလုပ် နေပါတယ်။

လောလော ဆယ်မှာ လူ ၁၄ ယောက်ကို ရဲက စစ်ဆေး မေးမြန်း နေပါတယ်။

မေလ ၂၂ ရက်နေ့က ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ယောက် အပါအဝင် ၂၂ ယောက် သေဆုံး ခဲ့ရပါတယ်။