သေနတ် ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဟိုတယ်ကို အစိုးရတပ် ပြန် ထိန်းချုပ်

  • 1 ဇွန် 2017
Image caption တည်းခို နေထိုင်သူ တွေကို ပစ်ခတ် ခဲ့တဲ့ အပြင် မီးတင်ရှို့ ခဲ့ကြ

ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့တော် လေဆိပ် အနီးမှာ ရှိတဲ့ ၊ Resorts World ဟိုတယ်နဲ့ အပန်းဖြေ ဝင်းကြီး ထဲမှာ သေနတ် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပေမယ့်၊ အခုတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် ထိန်းချုပ် နိုင်လိုက်ပြီလို့ ဖိလစ်ပိုင် စစ်တပ်က ပြောပါတယ်။

မျက်နှာဖုံး စွပ် ထားပြီး အနက်ရောင် ဝတ်ဆင်ထားတဲ့ အနည်းဆုံး သေနတ်သမား တစ်ယောက် ဟိုတယ်ထဲက ဝင်လာပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

သေနတ်သမားကို အသေ ဖမ်းဆီး ရမိထားတယ်လို့ ဆိုပါတယ်။

အစောပိုင်း ကတော့၊ သေနတ်သမား တချို့ရဲ့ ရန်က လွတ်အောင် ဟိုတယ် ဒုတိယထပ် ကနေ ခုန်ချနေသူတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက် ခဲ့ပါတယ်။

ဖိလစ်ပိုင် စံတော်ချိန် သန်းခေါင်ယံကျော် မနက် တစ်နာရီ ဝန်းကျင်မှာ အခင်း ဖြစ်ရာဆီ ဖိလစ်ပိုင် အထူး တပ်ဖွဲ့တွေ၊ လက်ဖြောင့် တပ်သားတွေနဲ့ မီးသတ်ကားတွေလည်း ရောက်ရှိ နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနောင်းကျွန်း ပေါ်က မာရာဝီ မြို့မှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေနဲ့ အဆက်အစပ် ရှိတဲ့ လက်နက်ကိုင်တွေနဲ့ အစိုးရ စစ်တပ် တိုက်ခိုက် နေချိန်မှာ မြို့တော် မနီလာမှာ အခုလို တိုက်ခိုက်မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ