အမေရိကန်က ဥတုဖောက်ပြန်မှု ပါရီစာချုပ်က ထွက်တာကို နိုင်ငံတကာက ဝေဖန်

  • 2 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကုလသမဂ္ဂက သတ်မှတ်တဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းဝင် ၄၈ နိုင်ငံကလည်း ဒီလို လုပ်ခြင်းအားဖြင့် သန်းပေါင်း များစွာသော ဘဝတွေကို ထည့်မတွက်ရာ ကျတယ်လို့ အမေရိကန်သမ္မတ ထရမ့်ကို အပြစ်တင် လိုက်ပါတယ်။

ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ ပါရီသဘောတူညီချက်က အမေရိကန်ထွက်ဖို့ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ တော်တော် စိတ်မကောင်း ဖြစ်စရာပဲလို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကယ်က ပြောဆိုလိုက်ပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ ယွန်ကလောက် ရန်ကာကတော့

'အမေရိကန်နုတ်ထွက်ပေမယ့် ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ ပါရီ သဘောတူချက်အတိုင်း တကယ်လုပ်ဖို့ လိုအပ်နေတဲ့ တရုတ်နဲ့ဥရောပသမဂ္ဂက ရှေ့တိုးလုပ်သွားမှာပါ။ နောက်ဆုတ်စရာ အကြောင်းမရှိပါဘူး'လို့ မစ္စတာ ရန်ကာက ပြောဆိုခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ဒီသဘောတူချက်ထဲမှာ ပါတဲ့အချက်တွေဟာ မလုပ်မနေရ မဟုတ်တဲ့အတွက် အမေရိကန် အနေနဲ့ မထွက်ပဲ နေလို့ ရနိုင်တာပဲလို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆင်ကတော့ အမေရိကန်ဟာ ရာသီဥတု ဖောက်ပြန်စေတဲ့ ဓါတ်ငွေ့ ထုတ်လွှင့်မှုတွေကို လျှော့ချတဲ့ မှတ်တမ်းကောင်းတွေ ရှိထားပြီး အခုလို လျှော့ချဖို့ ဆက်လက် ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂက သတ်မှတ်တဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းဝင် ၄၈ နိုင်ငံကလည်း ဒီလို လုပ်ခြင်းအားဖြင့် သန်းပေါင်း များစွာသော ဘဝတွေကို ထည့်မတွက်ရာ ကျတယ်လို့ အမေရိကန်သမ္မတ ထရမ့်ကို အပြစ်တင် လိုက်ပါတယ်။

အမေရိကန်နဲ့အတူ ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့အများဆုံး ထုတ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ဥရောပသမဂ္ဂတို့ကတော့ ၂၀၁၅ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ ပါရီသဘောတူချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

အခုလို အမေရိကန်ရဲ့ နုတ်ထွက်မှုကို အမေရိကန်က စွမ်းအင်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ အက်က်စ်ဇွန် မိုဘီး၊ ကိုနိုကို ဖိလစ်၊ ရှဲလ်နဲ့ ဂျန်နရယ် အလက်ထရစ်တို့က ကန့်ကွက်ခဲ့ပေမယ့် ပီးဘော်ဒီ ကျောက်မီးသွေးကုမ္ပဏီအပါအဝင် ရေနံနဲ့ ဓါတ်ငွေ့ကုမ္ပဏီငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝက်စ်တန်း အင်နာဂျီ အလိုင်းယန့်စ် တို့က ထောက်ခံလိုက်ပါတယ်။

နိုင်ငံရေးပိုင်းအနေနဲ့ဆိုရင်လည်း အမေရိကန် မြို့ ၆၀ ကျော်က မြို့ဝန်တွေက အခုလို နုတ်ထွက်မှုကို ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော် ဥက္ကဋ္ဌ ပေါလ် ရိုင်ယန် အပါအဝင် ရီပတ်ပလီကန် ခေါင်းဆောင်တော်တော်များများကတော့ အမေရိကန် အခုလို ထွက်တာကို ထောက်ခံခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ