ဖိလစ်ပိုင်လောင်းကစားရုံ အကြမ်းဖက်သူ စိတ်မမှန်တာ ဖြစ်နိုင်လို့ ရဲကပြော

  • 3 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဒီဖြစ်ရပ်မှာ ဒဏ်ရရသူတွေလည်း ငါးဆယ်ကျော်လောက်ရှိပြီး ဆေးရုံမှာ ဆက်လက် ကုသမှု ခံယူနေရ

ဖိလစ်ပိုင်မြို့တော် မနီလာက လောင်းကစားရုံ တရုံကို မီးတင်ရှို့ခဲ့ပြီး လူ ၃၇ ယောက် သေဆုံးစေခဲ့တဲ့ သေနတ်သမားဟာ စိတ်ကျန်းမာရေး မကောင်းသူ ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင်ရဲတွေက ပြောပါတယ်။

အခုလို ကျူးလွန်ခဲ့တဲ့ သေနတ်သမားဟာ ဖိလစ်ပိုင် နိုင်ငံသား မဟုတ်နိုင်ပဲ ဘယ်သူဘယ်ဝါဆိုတာကိုတော့ မသိရသေးဘူးလို့ ရဲတွေက ပြောပါတယ်။

အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ပြောနေပေမယ့် တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က မရှင်းလင်းသေးပဲ ဖြစ်နေပါသေးတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ အဲဒီ မျက်နှာဖုံးစွပ် သေနတ်သမားက မနီလာမြို့က အပန်းဖြေ ကမ္ဘာလို့ အမည်ရတဲ့ လောင်းကစားရုံကို ဝင်ရောက် ပစ်ခတ် မီးတင်ရှို့ခဲ့ပြီး နောက်ပိုင်းမှာ သူကိုယ်တိုင် မီးလောင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီသေနတ်သမားရဲ့ ကျောပိုးအိတ်ထဲမှာ အမေရိကန်ဒေါ်လာ ၂ သန်းကျော် တန်ဖိုးရှိတဲ့ လောင်းကစား တိုကင်ပြားတွေ ခိုးယူထားတာကိုလည်း တွေ့ရှိခဲ့ရပြီး သူဟာ ဒီအိတ်ကို ထားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေခဲ့တာလို့ ဖိလစ်ပိုင်ရဲချုပ် ရော်နယ် ဒယ်လာ ရိုစာက ပြောပါတယ်။

ဒီသေနတ်သမားက ဝင်ရောက် ပစ်ခတ်ချိန်မှာ လူတွေကို မပစ်ပဲ သေနတ် အပေါ်ထောင်ပြီးတော့ပဲ ပစ်ခဲ့တာ ဖြစ်လို့ သေဆုံး ဒဏ်ရာရသူတွေမှာ သေနတ် ဒဏ်ရာမရှိပဲ မီးခိုးမွှန်ပြီး သေဆုံးရတာ ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင် ရဲ အရာရှိတယောက်က ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ဒဏ်ရရသူတွေလည်း ငါးဆယ်ကျော်လောက်ရှိပြီး ဆေးရုံမှာ ဆက်လက် ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ