အကြမ်းဖက်မှုတွေ ရှိခဲ့ပေမယ် One Love Manchester ဂီတပွဲ အောင်မြင်

  • 5 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မန်ချက်စတာ ဂီတ ပွဲမှာလည်း လုံခြုံရေး အထူး တင်းကျပ် ထား

မေလ ၂၂ ရက်နေ့က ဗြိတိန် နိုင်ငံ မန်ချက်စတာ မြို့ က ဗုံးပေါက် ကွဲမှု မှာ အသက်ရှင် ကျန်ရစ် သူတွေ နဲ့ သေဆုံး ခဲ့သူ တွေကို ရည်ရွယ် ဂုဏ်ပြု တဲ့ ဂီတ ပွဲ တစ်ခု ကို ဇွန်လ ၄ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။

နှစ်ပတ် ကျော် ခန့် အချိန်တုန်း က မန်ချက်စတာ မြို့မှာ လုပ်တဲ့ အမေရိကန် ပေါ့ပ် အဆိုတော် အေရီးယားနား ဂရန်းဒေး ရဲ့ ဂီတ ဖျော်ဖြေပွဲ အပြီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ တာကြောင့် လူ ၂၂ ယောက် သေဆုံး ခဲ့ရပါတယ်။

သေဆုံး ခဲ့သူ တွေ နဲ့ အသက်ရှင် ကျန်ရစ် ခဲ့သူတွေကို ဂုဏ်ပြု တဲ့ One Love Manchester ဂီတ ပွဲ ကို အေရီးယားနား ဂရန်းဒေး က ဦးစီး ဦးဆောင် ခဲ့ပြီး ကမ္ဘာကျော် အနု ပညာရှင် တွေက ပူးပေါင်း ပါဝင် ကူညီ ကြပါတယ်။ အဲဒီ အထဲမှာ ဂျပ်စတင် ဘီဘာ နဲ့ ကိုးလ် ပလေး တို့ လို နာမည်ကျော် အဆိုတော် တွေလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မန်ချက်စတာ ဂီတ ပွဲမှာလည်း လုံခြုံရေး အထူး တင်းကျပ် ထား

လွန်ခဲ့တဲ့ နှစ်ပတ် က ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့တဲ့ ဂီတ ပွဲ ကို တက်ရောက် ခဲ့ကြသူ တစ်သောင်း ကျော်ဟာလည်း အခု ဂုဏ်ပြု ဂီတ ပွဲ ကို ပြန်လည် တက်ရောက် ခွင့် ရခဲ့ကြပါတယ်။

စနေနေ့ က လန်ဒန် မြို့က အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မန်ချက်စတာ ဂီတ ပွဲမှာလည်း လုံခြုံရေး အထူး တင်းကျပ် ထားခဲ့ပါတယ်။ ဒါပေမယ့် အခု ပွဲ ကို လာတဲ့ လူတွေက တကယ့် မိသားစုတွေလိုပဲ ရင်းနှီး ခဲ့ကြတယ်လို့ ဂီတ ပွဲ တက်ရောက် ခဲ့သူ တစ်ဦး က ပြောပါတယ်။

အဲဒီ ဂုဏ်ပြု ဂီတ ပွဲ လက်မှတ် ကို စတင်ရောင်းချ တဲ့ နေ့က မိနစ် ၂၀ အတွင်းမှာ အကုန် ရောင်း ထွက်သွားပါတယ်။ အဲဒီ က ရတဲ့ ငွေတွေကို မန်ချက်စတာ ဗုံးပေါက် ကွဲမှု အတွင်းမှာ ထိခိုက် ဒဏ်ရာ ရခဲ့သူတွေကို ကူညီသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာကျော် အနုပညာရှင်တွေလည်း ပါဝင်ကူညီ