အကြမ်းဖက်စွပ်စွဲချက်နဲ့ ကာတာကို သံတမန်အဆက်အသွယ်ဖြတ်

  • 5 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကာတာဘက်ကတော့ စွပ်စွဲချက်တွေ မမှန်ဘူးလို့ ငြင်းပါတယ်

ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများနိုင်ငံ (UAE)၊ အီဂျစ်၊ ယီမင်၊ လစ်ဗျားနဲ့ ဘာရိန်း နိုင်ငံတွေဟာ ကာတာနိုင်ငံနဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။

ကာတာနိုင်ငံဟာ အကြမ်းဖက်မှုတွေကို ထောက်ခံပေးနေတယ်လို့ စွပ်စွဲပြီးနောက် အဲဒီလို လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကာတာဟာ 'အကြမ်းဖက်အဖွဲ့ အများအပြား' နဲ့ နီးစပ်မှုရှိတယ်လို့ စွပ်စွဲပါတယ်။ အဲဒီထဲမှာ သူတို့ကိုယ်သူတို့ အစ္စလာမ္မစ်နိုင်ငံလို့ခေါ်တဲ့ အဖွဲ့လည်း ပါပါတယ်။

ယူအေအီးနိုင်ငံဆိုရင် သူတို့ရဲ့ နိုင်ငံပိုင် အက်တီဟက်လေကြောင်းလိုင်းဟာ ကာတာမြို့တော် ဒိုဟာကို မပျံတော့ဘူးလို့ ပြောပါတယ်။

ကာတာဘက်ကတော့ သူ့အပေါ် စွပ်စွဲချက်အားလုံးက မမှန်ဘူးလို့ ငြင်းဆိုပါတယ်။