ဖလော်ရီဒါမှာ ပစ်ခတ်မှုဖြစ်လို့ သေဆုံးမှုတွေရှိ

  • 5 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters

အော်လန်ဒိုမြို့က စက်ရုံတစ်ခုမှာ ပစ်ခတ်မှုဖြစ်လို့ လူသေဆုံးမှုတွေ ရှိတယ်လို့ ရဲက ပြောပါတယ်။

တနင်္လာနေ့မနက်ပိုင်းက မြို့ရဲ့ အရှေ့ဘက်ပိုင်းမှာ ဖြစ်ပွားတာလို့ အော်လန်ဒိုက သတင်းစာတစ်စောင်မှာ ရေးပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီလအတွင်းမှာပဲ အော်လန်ဒိုက နိုက်ကလပ်တစ်ခုမှာ ပစ်ခတ်မှုဖြစ်လို့ လူ ၄၉ သေဆုံးခဲ့ပါသေးတယ်။

အခုအခါ ပစ်ခတ်မှုတွေ ပြီးဆုံးသွားပြီး အခြေအနေတည်ငြိမ်နေတယ်လို့တော့ ရဲက ပြောပါတယ်။

အသေးစိတ်ကို ရဲက မကြာခင် ထုတ်ပြန်ဖွယ် ရှိပါတယ်။