လန်ဒန်မြို့ အကြမ်းဖက်မှုမှာ ပါခဲ့သူ ၃ဦးအနက် ၂ဦးရဲ့ အမည်ကို ရဲက ထုတ်ဖော်ပြော

  • 6 ဇွန် 2017
ဓာတ်ပုံ မူပိုင် Met Police
Image caption လန်ဒန်မြို့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ နှစ်ဦးအနက် ခူရန်ဘတ် (ဝဲ) ရဲ့ အကြောင်းကို ရဲနဲ့ လုံခြုံရေးတွေ သိထား

စနေနေ့က ဖြစ်ပွားခဲ့တဲ့ လန်ဒန်မြို့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း အလုံပိတ်ကားနဲ့ လိုက်တိုက်၊ ဒါးတွေနဲ့ လိုက်ထိုးခဲ့ကြသူ လူ၃ဦးအနက် ၂ဦးရဲ့ အမည်ကို ဗြိတိန်ရဲတွေက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

တဦးက ခူရမ် ဘတ် ဆိုသူ ဖြစ်ပြီး သူ့အကြောင်းကို ဗြိတိသျှ လုံခြုံရေး အဖွဲ့က သိထားပါတယ်။

သူဟာ မနှစ်တုန်းက ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြခဲ့တဲ့ IS အစ္စလာမစ်နိုင်ငံ ဂျီဟာ့ဒ်ဝါဒီတွေကို ထောက်ခံတဲ့ အစွန်းရောက် မတရားသင်း အုပ်စုတစုအကြောင်း မှတ်တမ်း အစီအစဉ်တခုမှာ ပါခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း ခူရမ် ဘတ်နဲ့ ပတ်သက်လို့ အာဏာပိုင်တွေကို သတိပေးခဲ့တယ်လို့ လူနှစ်ဦးက ပြောပါတယ်။

နောက်လူတယောက်ကတော့ ရာရှစ်ဒ် ရက်ဒွမ်း ဆိုသူလို့ သိရပြီး မိုရိုကိုနဲ့ လစ်ဗျား အနွယ်ဖွားလို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၂ဦးစလုံးကို တရားစွဲဆိုမှု မရှိပဲ ရဲက အခုအခါ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း လူ၇ဦးသေဆုံးခဲ့ပြီး တိုက်ခိုက်သူ ၃ဦးစလုံးကို ရဲက အသေပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။