Newcastle ဘောလုံးသမားဟောင်း ရုတ်တရက် ကွယ်လွန်

  • 6 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption တီယောတေးဟာ Ivory Coast အသင်းရဲ့ လက်ရွေးစင် ဘောလုံးသမားဟောင်းလည်းဖြစ်

Newcastle United အသင်းမှာ ပရီမီယာလိဂ်ပွဲအတွက် ၇နှစ်ကြာ ကစားခဲ့ဖူးတဲ့ Ivory Coast လက်ရွေးစင် ဘောလုံးသမားဟောင်း ရှေ့ခ် တီယောတေးဟာ အသက်၃၀ အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက Newcastle အသင်းကနေ တရုတ် Beijing Enterprises အသင်းကို ပြောင်းခဲ့တာ ဖြစ်ပြီး Beijing Enterprises အသင်းမှာ လေ့ကျင့် သင်တန်းဆင်းနေတုန်း အခုလို ရုတ်တရက်လဲကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရှေ့ခ် တီယောတေးဟာ Ivory Coast အသင်းအတွက် အကြိမ်ပေါင်း ၅၀ကျော် ကစားခဲ့ပြီး ၂၀၁၅ခုနှစ် အာဖရိက နိုင်ငံများ ဖလားဆု ဆွတ်ခူးခဲ့စဉ်မှာလည်း ပါဝင်ကစားခဲ့သလို ၂၀၁၀နဲ့ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပွဲတွေမှာလည်း Ivory Coast အသင်းမှာ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။