ထားဝယ်မြို့ အနီး တပ်မတော် လေယာဉ်တစ်စင်း ပျောက်ဆုံးနေ

  • 7 ဇွန် 2017
Image caption တပ်မတော် လေယာဉ်တစ်စင်း ပျောက်ဆုံး

မြိတ်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေး လေယာဉ်တစ်စင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အတည်ပြု ထုတ်ပြန် ပါတယ်။

Y-8 အမျိုးစား ပို့ဆောင်ရေး လေယာဉ်ဟာ ဒီကနေ့ (ဇွန်လ ၇ ရက်)နေ့လည် ၁ နာရီခွဲကျော် အချိန်က၊ ထားဝယ်မြို့ အနောက်ဘက် မိုင် ၂ဝ ဝန်းကျင်မှာ ရုတ်တရက် အဆက်အသွယ် ပြတ်တောက် သွားတယ်လို့ ဆိုပါတယ်။

အဲဒီ လေယာဉ်ပေါ်မှာ လူ ဘယ်နှစ်ဦး လိုက်ပါလာတယ် ဆိုတာကို ထုတ်ပြန်ချက်ထဲ ဖော်ပြ မထားပါဘူး။

အေဂျင်စီ သတင်း တချို့ကတော့ လေဆိပ် သတင်းရစ်မြစ်တွေကို ကိုးကားပြီး လူ ရာကျော် လိုက်ပါ သွားတယ် ဆိုပြီး ဖော်ပြ နေပါတယ်။

အခုအခါ ပျောက်ဆုံး နေတဲ့ လေယာဉ်ကို တပ်မတော် လေယာဉ်၊ ရေယာဉ်တွေကို အသုံးပြုပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန် ထားပါတယ်။