ရွေးကောက်ပွဲကြို တင်ကြို စစ်တမ်းတွေ ထွက်ရှိ

  • 7 ဇွန် 2017
Image caption ICM အဖွဲ့ရဲ့ စစ်တမ်းအရ တိုရီက သိသိသာသာ ဦးဆောင်

ယူကေ ရွေးကောက်ပွဲ လူကြိုက်များမှု တင်ကြို စစ်တမ်းတွေ အခု သီတင်းပတ်ထဲမှာ ၃ ခု ထုတ်ပြန် လာပါတယ်။

အဲဒီ နောက်ဆုံး စစ်တမ်းထဲ မှာလည်း သိသိသာသာ ထူးခြားတဲ့ ပြောင်းလဲမှု ရှိမနေပါဘူး။

Survation က ထုတ်ပြန်တဲ့ စစ်တမ်းအရ တိုရီနဲ့လေဘာ မဲမပြတ် နိုင်ဘူး ဆိုပြီး တယ်လီဖုန်း ကနေ တဆင့် သူတို့ ကောက်ခံ ကြည့်တဲ့ သဘောထား စစ်တမ်းက ဆိုပါတယ်။

ဒါပေမယ့် ICM အဖွဲ့ရဲ့ စစ်တမ်းအရ တိုရီက သိသိသာသာ ဦးဆောင် နေတယ်လို့ ဆိုပါတယ်။

Opinium စစ်တမ်းမှာတော့ တိုရီက ၄၃၊ လေဘာက ၃၆၊ လစ်ဘရယ် ဒီမိုကရက်က ၈၊ ယူကစ်ပ်နဲ့ အက်စ်အင်ပီက ၅၊ ဂရင်းပါတီက ၂ ဆိုပြီး ဖော်ပြ နေပါတယ်။

တခြား စစ်တမ်းတွေလည်း ဗုဒ္ဓဟူးနေ့ မကုန်ခင် ဆက်လက် ထွက်လာဖို့ ရှိပြီး တကယ် ရွေးကောက်ပွဲ ရှိတဲ့ နေ့မှာတော့ သတင်း ဌာနတွေ အနေနဲ့ အခုလို သဘောထား စစ်တမ်းတွေ၊ မဲဆွယ် သတင်းတွေကို ဖော်ပြ ခွင့် မရှိပါဘူး။