ယူကေ ပါလီမန် ရွေးကောက်ပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇွန်လ ၈ ရက် ယူကေ ရွေးကောက်ပွဲ

  • 7 ဇွန် 2017

ဇွန်လ ၈ ရက် ဆိုရင် ယူကေ ရွေးကောက်ပွဲတွေ စတင်တော့ မှာပါ။

ဒါ့ကြောင့် ဗြိတိန်ရဲ့ အဓိက နိုင်ငံရေး ပါတီကြီးတွေ အတွက် ဇွန်လ ၇ ရက်ဟာ ရွေးကောက်ပွဲ အတွက် နောက်ဆုံး မဲဆွယ်ရမယ့် နေ့ပါ။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မန်ချက်စတာ နဲ့လန်ဒန် အကြမ်းဖက် တိုက်ခိုက် ခံရမှု တွေကြောင့် လုံခြုံရေး ကိစ္စကလည်း လူတွေအကြား ထည့်စဉ်းစား စရာ ဖြစ်လာပါတယ်။

ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်ထရီဆာမေက အကြံပြုလာတဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒ အပြောင်းအလဲ တွေကို အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်က ပယ်ချ လိုက်ပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေတချို့ကို ဝန်ကြီးချုပ်မေက ဖျက်သိမ်းမယ် ဆိုတဲ့အချက်ဟာ ဒီ အကြမ်းဖက် ပြဿနာကို မရှင်းနိုင်ဘူးလို့လည်း မစ္စတာကိုဘင်က ထောက်ပြ ခဲ့ပြီး၊ အမြဲ သတိရှိပြီး ရဲနဲ့အရပ်ကပါ ဝိုင်းလုပ်ကြဖို့ အဓိက ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီလို လုံခြုံရေး ကိစ္စအပြင်၊ အခု ရွေးကောက်ပွဲကြီးမှာ ယူကေ မဲဆန္ဒရှင် တွေကရော ဘာတွေ ကြည့်ပြီး ဆုံးဖြတ်ကြဖို့ ရှိပါသလဲ။ ယူကေ ပါလီမန် ရှေ့ကနေ ကိုမိုးမြင့်က သတင်း ပို့ထားတာကို ရှုစား ရအောင်ပါ။