တိုက်ခိုက်မှု ကျုးလွန်သူတွေ ပစ်သတ်ခံရတာ တွေ့ရတဲ့ ဗီဒီယို ထွက်လာ

  • 8 ဇွန် 2017
Image caption စီစီတီဗီ လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထား

လန်ဒန်တံတား တိုက်ခိုက်မှုကို ကျူးလွန်သူ ၃ယောက်ကို ရဲက သေနတ်နဲ့ အသေပစ်ခတ် ဖမ်းဆီးနေတာကို တွေ့ရိုက်တဲ့ ဗီဒီယို ထွက်ပေါ် လာပါတယ်။

စီစီတီဗီ လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုထဲ လန်ဒန်တံတားနားက ဘာရာစျေး ဝန်းကျင်မှာ လမ်းသွား လမ်းလာတွေကို လူ ၃ ယောက်က တိုက်ခိုက် နေတာကို တွေ့ရပြီးတဲ့နောက် လက်နက်ကိုင် ရဲတွေကိုပါ ရန်မူ လာပါတယ်။

အဲဒီနောက်မှာတော့ အဲဒီ ၃ ယောက်လုံး ပစ်သတ် ခံလိုက်ရပါတယ်။

စနေနေ့ည လန်ဒန် အကြမ်းဖက် တိုက်ခိုက်မှုမှာ လူ ၈ ယောက် သေဆုံး ခဲ့ရပြီးတဲ့နောက် ရဲတွေက လန်ဒန် အရှေ့ပိုင်း နေရာတွေမှာ ဝင်ရောက် စီးနင်း ရှာဖွေတာတွေ ဆက်လက် ပြုလုပ် နေပါတယ်။

လူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးလိုက်တဲ့ အတွက် ၁၇ ယောက် ဖမ်းဆီးခဲ့ပြီး လက်ရှိ ထိန်းသိမ်းထားစူ ၅ ယောက် ရှိနေပါတယ်။