ရုပ်အလောင်း တချို့ ပြန်လည် တွေ့ရှိလာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝေဟင် ရေပြင် ရှာဖွေမှုတွေ ဆက်လက် ပြုလုပ်ခဲ့

  • 8 ဇွန် 2017

လူ ၁၂၂ ယောက် လိုက်ပါသွားတဲ့ စစ်ဘက် ပို့ဆောင်ရေး လေယာဉ်ရဲ့ အပျက်အစီး အစိတ် အပိုင်း တချို့နဲ့ ရုပ်အလောင်း တချို့ကို တွေ့ရှိ ခဲ့ရပြီလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန် ပါတယ်။

တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံမြို့နယ် အနောက်တောင်ဘက် ကမ်းလွန်ပြင်၊ ကပ္ပလီ ပင်လယ်ပြင် ကနေ ရှာဖွေ တွေ့ရှိ ထားသမျှ ကလေး ရုပ်အလောင်း ၈ လောင်း အပါအဝင် ရုပ်အလောင်း ၂၉ လောင်း ရှာတွေ့ ထားရတယ်လို့ ဆိုပါတယ်။

လေယာဉ် ဘီးလို့ ယူဆရတဲ့ တာယာကွင်း အပါအဝင်၊ အသက်ကယ် အင်္ကျီတချို့နဲ့ ခရီးဆောင် အိတ် တချို့လည်း ဆယ်ယူ ထားတယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဝေဟင်၊ ရေပြင် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်ပါတယ်။