ယူကေ ရွေးကောက်ပွဲ၊ တစ်ပါတီထဲ က အစိုးရ မဖွဲ့နိုင်

  • 9 ဇွန် 2017
Image caption ဘီဘီစီ ရဲ့ မဲရလဒ် ခန့်မှန်းချက် တွေ အရ တစ်ပါတီ ထဲ က အစိုးရ ဖွဲ့စည်း နိုင်ခြင်း မရှိ

ယူကေ ရွေးကောက်ပွဲမှာ လွှတ်တော် အမတ် နေရာ ၆၅၀ အတွက် ပါတီ အသီးသီး က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

လောလောဆယ် အချိန်အထိ ကွန်ဆားဗေးတစ် ပါတီ က အမတ် နေရာ ၃၀၆ နေရာ အနိုင်ရရှိထားပါတယ်။

အတိုက်အခံ လေဘာ ပါတီ က ၂၅၇ နေရာ၊ စကော့တလန် အမျိုးသား ပါတီ က ၃၄ နေရာ၊ လစ်ဘရယ် ဒီမိုကရက် ပါတီ က ၁၂ နေရာ၊ ဒီမိုကရက်တစ် ညွှန့်ပေါင်း ပါတီ က ၁၀ နေရာ နဲ့ မြောက်အိုင်ယာလန် က စိန်းဖင်း ပါတီ က ၇ နေရာ နဲ့ ဝေလ နယ် က ပလိုက် ကွန်မရီ ပါတီ က ၃ နေရာ အသီးသီး အနိုင် ရရှိထားပါတယ်။

မဲဆန္ဒနယ် ၁၆ နေရာ အတွက် ကြေညာချက် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

၃၂၆ နေရာရရှိရင် အစိုးရ ဖွဲ့စည်း နိုင်တဲ့ ရလဒ် ထွက်ပေါ် လာခြင်း မရှိတဲ့ အတွက် ညွှန့်ပေါင်း အစိုးရ တစ်ရပ် ဖွဲ့စည်းဖို့ ဆောင်ရွက် ရတော့မှာပါ။

ပါလီမန် ထဲမှာ ကွန်ဆားဗေးတစ် ပါတီ က အင်အား အကြီးဆုံး ဖြစ်ပြီး၊ အတိုက်အခံ လေဘာ ပါတီ က ဒုတိယ နေရာ အများဆုံး ရရှိတဲ့ ပါတီ ဖြစ်လာခဲ့ပါတယ်။

ကွန်ဆားဗေးတစ် ပါတီ က အစိုးရ ဖွဲ့စည်း နိုင်ဖို့ အတွက် အခြား ပါတီ ငယ် တွေ နဲ့ ညှိနှိုင်း မှုတွေ လုပ်ဆောင် နိုင်သလို၊ လေဘာ ပါတီ ကလည်း အခြား ပါတီ တွေ နဲ့ ပူးပေါင်း ပြီး အစိုးရ ဖွဲ့စည်း နိုင်တဲ့ အခွင့် အရေး ရှိနေပါတယ်။

ဘီဘီစီ ရဲ့ မဲရလဒ် ခန့်မှန်းချက် တွေ အရ တစ်ပါတီ ထဲ က အစိုးရ ဖွဲ့စည်း နိုင်ခြင်း မရှိတဲ့ အတွက် ညွှန့်ပေါင်း အစိုးရ တစ်ရပ် ဖွဲ့စည်း ဖို့ ပါတီ ကြီး နှစ်ခု က ခေါင်းဆောင် တွေဟာ ကြိုးစား လာဖွယ် ရှိပါတယ်။