ဗြိတိန် ငွေကြေး စတာလင်ပေါင် ဈေးကျ

  • 9 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒေါ်လာ နဲ့ နှိုင်းယှဉ်ရင် ၁.၅ ရာခိုင်နှုန်း အထိ ကျဆင်း ခဲ့ပြီး ယူရိုငွေ နဲ့ ဆိုရင် ၁ ရာခိုင်နှုန်း ကျဆင်း သွား

အစောပိုင်း မဲရလဒ် တွေ အရ တစ်ပါတီ ထဲ က အစိုးရ ဖွဲ့စည်း နိုင်ခြင်း မရှိတဲ့ အတွက်ကြောင့် နိုင်ငံတကာ ငွေကြေး ဈေးကွက်မှာ ဗြိတိန် ရဲ့ စတာလင် ပေါင် ဈေးနှုန်း က ကျဆင်းနေပါတယ်။

စတာလင်ပေါင် ရဲ့ ဈေးနှုန်း က အမေရိကန် ဒေါ်လာ နဲ့ နှိုင်းယှဉ်ရင် ၁.၅ ရာခိုင်နှုန်း အထိ ကျဆင်း ခဲ့ပြီး ယူရိုငွေ နဲ့ ဆိုရင် ၁ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ပါတယ်။

လောလောဆယ် မဲရလဒ်တွေ အရ ကွန်ဆားဗေးတစ် ပါတီ က ၃၁၂ နေရာ၊ အတိုက် အခံ လေဘာပါတီ က ၂၅၉ နေရာ အနိုင်ရရှိထားပါတယ်။ တစ်ပါတီ ထဲ က အစိုးရ ဖွဲ့ဖို့ လိုအပ်တဲ့ ၃၂၆ နေရာ ရရှိဖို့ မဖြစ်နိုင်တော့တဲ့ အတွက် ညွှန့်ပေါင်း အစိုးရ တစ်ရပ် ပေါ် ထွက်လာဖို့ ရှိပါတယ်။

ဒီကနေ့ နှောင်းပိုင်းမှာ ကွန်ဆားဗေးတစ် ပါတီ ခေါင်းဆောင် ထရီဆာ မေ ဟာ ရာထူး ကနေ နှုတ်ထွက်ဖို့ ကြေညာ နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ် နေပါတယ်။