ကဒါဖီ ရဲ့သား ထောင်ကနေ လွတ်မြောက်

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ၀၁၅ ခုနှစ်မှာ ထရီပိုလီ မြို့က တရားရုံး တစ်ခု က သူ့ ကိုယ် သေဒဏ် အမိန့် ချမှတ် ထား

လစ်ဗျား အနောက်ပိုင်း ကို ချုပ်ကိုင် ထားတဲ့ လက်နက် ကိုင် အဖွဲ့ဟာ လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီ ရဲ့ အငယ်ဆုံး သား ဆိုက်အယ်လ် အစ္စလမ် ကို အကျဉ်း ထောင်ကနေ လွှတ်ပေး လိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့တုန်း က ဆိုက်အယ်လ် အစ္စလမ် ကို လွတ်ငြိမ်း ချမ်းသာ ခွင့် နဲ့ အကျဉ်းထောင် ကနေ လွှတ်ပေး ခဲ့ကြောင်း လက်နက် ကိုင် အဖွဲ့ က ထုတ်ပြန် ပါတယ်။

ကဒါဖီ သေဆုံး ခဲ့ရတဲ့ ၂၀၁၁ ခုနှစ် လစ်ဗျား တော်လှန်ရေးမှာ သား ဖြစ်သူ ဆိုက် အယ်လ် အစ္စလမ် ဟာလည်း လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံရပြီး အကျဉ်း ကျခံနေရတာ ဖြစ်ပါတယ်။

အရင်တုန်း က လစ်ဗျား နိုင်ငံ က အာဏာရှင် ကဒါဖီ ကို ဆန့်ကျင်တဲ့ လူတွေ ကို ဆိုက်အယ်လ် အစ္စလမ် က ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့တဲ့ အတွက် ၂၀၁၅ ခုနှစ်မှာ ထရီပိုလီ မြို့က တရားရုံး တစ်ခု က သူ့ ကိုယ် သေဒဏ် အမိန့် ချမှတ် ထားပါတယ်။