ပြင်သစ် ပါလီမန် ရွေးကောက်ပွဲ သမ္မတသစ် ပါတီ အနိုင်ရ

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ပါတီ ကို တည်ထောင် ထားတာ ဟာ အချိန်ကာလ အားဖြင့် တစ်နှစ်ကျော်သာ ရှိခဲ့

ပြင်သစ် နိုင်ငံမှာ လွှတ်တော် အမတ် ရွေးကောက်ပွဲ ပထမ အကျော့ကို ဇွန်လ ၁၁ ရက်နေ့ ကျင်းပ ခဲ့ရာမှာ သမ္မတ မက်ခရွန်း ရဲ့ ပါတီ သစ်ဟာ အမတ်နေရာ အများစု ကို အနိုင်ရရှိ ခဲ့တယ် ဆိုတဲ့ ကနဦး ခန့်မှန်းချက် တွေ ထွက်ပေါ် လာ ပါတယ်။

ပြင်သစ် နိုင်ငံက လွှတ်တော် အမတ် နေရာ ၅၇၇ နေရာ ထဲကမှ အမတ် နေရာ ၄၄၀ ကျော် ကို သမ္မတ မက်ခရွန်း ရဲ့ ပါတီ သစ် ဖြစ်တဲ့ ဗဟို ဝါဒီ ပါတီ က သိမ်းပိုက် နိုင်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

သမ္မတ မက်ခရွန်း ရဲ့ အိန်း မတ်ရှ် ပါတီ တာဝန် ရှိသူ တစ်ဦး က တော့ အမတ် နေရာ အများစု အနိုင်ရတယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ် လာပေမယ့် ကျေနပ် အားရမှု တော့ မရှိသေးပါဘူး။ မဲလာပေး တဲ့ လူ နည်းပါး ခဲ့တာက ပြဿနာ တစ်ရပ် ဖြစ်နေ သေးကြောင်း ပြောကြား ခဲ့ပါတယ်။

သမ္မတ မက်ခရွန်း ရဲ့ အိန်း မတ်ရှ် ပါတီ ကို တည်ထောင် ထားတာ ဟာ အချိန်ကာလ အားဖြင့် တစ်နှစ်ကျော်သာ ရှိခဲ့ပြီး ရွေးကောက်ပွဲ ဝင်ပြိုင် ကြတဲ့ လွှတ်တော် အမတ် အများစု ဟာ နိုင်ငံရေး အတွေ့အကြုံ နည်းပါး ကြသူတွေ ဖြစ်ပါတယ်။

အရင်တုန်း က ပြင်သစ် နိုင်ငံရေး လောက ကို လွှမ်းမိုး ခဲ့ဖူးတဲ့ ဆိုရှယ်လစ် ပါတီ ဟာလည်း အမတ်နေရာ အများစု ကို ရှုံးနိမ့် ထားပါတယ်။ မာရီး လီပန်း ရဲ့ အမျိုးသားရေး ပါတီကလည်း လွှတ်တော် အမတ် ၂ နေရာထက် ပိုပြီး နိုင် ထား ကြောင်း သတင်း ရရှိပါတယ်။