ဗြိတိန် အစိုးရ အဖွဲ့သစ် ဖွဲ့စည်း

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ပညာရေး ဝန်ကြီးဟောင်း မိုက်ကယ် ဂို့ဖ် ကို ပတ်ဝန်းကျင် ထိမ်းသိမ်ရေး ဝန်ကြီး အဖြစ် ခန့်အပ်

ဗြိတိန် ရွေးကောက်ပွဲမှာ အစိုးရ ဖွဲ့ နိုင်လောက်တဲ့ အမတ်နေရာ အများစု ကို အနိုင်မရ ခဲ့ ပေမယ့် ဘရစ်စစ် လို့ ခေါ်တဲ့ ဥရောပသမဂ္ဂ ကနေ ခွဲထွက်မဲ့ လုပ်ငန်း စဉ် ကို အောင်မြင် မှု ရအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီစာ မေက ပြောကြား ပါတယ်။

အခု အစိုးရ အဖွဲ့ကို ဖွဲ့စည်း နိုင်ခဲ့ပါပြီ ဒါကလည်း ဗြိတိန် ပြည်သူ တွေ လိုချင်တဲ့ တည်ငြိမ်မှု နဲ့ သေချာမှုတွေကို ဖော်ဆောင် နေတာပဲ ဖြစ်ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။

မြောက်အိုင်ယာလန် က DUP ဒီမိုကရက်တစ် ပေါင်းစည်းရေး ပါတီ နဲ့ ပူးပေါင်းပြီး အစိုးရ ဖွဲ့ ဖို့ သဘောတူညီ ခဲ့ပေမယ့် အသစ် ဖွဲ့ လိုက်တဲ့ အစိုးရ အဖွဲ့ မှာ ဝန်ကြီး ဟောင်း အချို့ကို ဝန်ကြီးချုပ် မေ က ပြန်လည် တာဝန် ထမ်းဆောင် စေခဲ့ပါတယ်။

အဲဒီ အထဲမှာ ဗြိတိန် နိုင်ငံ ကို EU ကနေ ခွဲထွက်ဖို့ ဦးဆောင် ဆော်ဩ ခဲ့သူ ပညာရေး ဝန်ကြီးဟောင်း မိုက်ကယ် ဂို့ဖ် ကို ပတ်ဝန်းကျင် ထိမ်းသိမ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာ အီးယူ ကနေ ခွဲထွက်ရေး လုပ်ငန်းစဉ် တွေ ဆွေးနွေးမဲ့ အစီအစဉ်ကိုလည်း အပြောင်းအလဲ လုပ်မှာ မဟုတ်ဘဲ နဂိုမူလ အတိုင်း ဆက်လက် ဆောင်ရွက် သွားမယ်လို့ ထရီစာ မေက ပြောကြား ခဲ့ပါတယ်။