သမ္မတထရမ့်ရဲ့ တားမြစ်မိန့်ကို အယူခံတရားရုံး ဆက်ပိတ်ပင်

  • 13 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတထရမ့်ရဲ့ တားမြစ်မိန့်ကြောင့် ဆန္ဒပြမှုတွေ ဖြစ်လာ

မွတ်ဆလင်တွေ အများစု နေထိုင်တဲ့ နိုင်ငံအတော်များများကနေ အမေရိကန်နိုင်ငံထဲ ဝင်လာသူတွေကို တားမြစ်ဖို့ သမ္မတထရမ့်ရဲ့ အစီအစဉ်အပေါ် ဥပဒေကြောင်းအရ ပိတ်ပင်ခွင့်ကို အမေရိကန် အယူခံတရားရုံးတခုက ဆက်ပြဌာန်းလိုက်ပါတယ်။

သမ္မတထရမ့် အဆိုပြုထားတဲ့ ရက်၉၀ကြာ တားမြစ်မိန့်အပေါ် အစောပိုင်းက တရားရုံး ပိတ်ပင်ထားချက်ကို ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်တဲ့ အဲဒီ အယူခံတရားရုံးက ဆက် အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံထဲ ဝင်လာသူတွေကို စိစစ်တဲ့ လုပ်ငန်းစဉ်ကိုတော့ အစိုးရကို ပြန်သုံးသပ်ခွင့် ပေးခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

ရှေ့နေချုပ် Jeff Sessions က သူ့ရုံးဌာနအနေနဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ခွင့် တောင်းခံမယ်လို့ အတည်ပြုပြောပါတယ်။

အခုနောက်ဆုံး တရားရုံးဆုံးဖြတ်ချက်ဟာ လုံခြုံရေး လုပ်ငန်းတွေအပေါ် ထိခိုက်စေမယ်လို့ သူက ပြောပါတယ်။