ဖိလစ်ပိုင်မှာ အစ္စလာမ် စစ်သွေးကြွတွေကြောင့် သေဆုံးသူ ၃၀ဝ ကျော်ပြီ

  • 17 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူတွေထဲမှာ အရပ်သား ၂၆ ယောက် ပါဝင်ပြီး စစ်သွေးကြွ အရေအတွက်လည်း ၂၀ဝ ကျော် ပါ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မာရာဝီမြို့မှာ အစ္စလာမ် စစ်သွေးကြွတွေနဲ့ တလကြာ တိုက်ပွဲတွေ ဖြစ်အပြီး သေဆုံးသူ ၃၀ဝ ကျော် ရှိပြီလို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ အရပ်သား ၂၆ ယောက် ပါဝင်ပြီး စစ်သွေးကြွ အရေအတွက်လည်း ၂၀ဝ ကျော် ပါဝင်နေပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အစိုးရဟာ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အိုက်အက်စ်နဲ့ မဟာမိတ် ဖွဲ့ထားတဲ့ အဲဒီသူပုန်တွေကို လေကြောင်း တိုက်ခိုက်မှု အပါအဝင် အဝေးပစ် အမြောက်တွေနဲ့လည်း ပစ်ခတ် နှိမ်နင်းနေတယ်လို့ သိရပါတယ်။

နောက်ထပ် ဖိလစ်ပိုင် စစ်သား ရာဂဏန်းကိုလည်း ဖိလစ်ပိုင် နိုင်ငံအလယ်ပိုင်းကနေ တိုက်ပွဲဖြစ်တဲ့နေရာကို ရဟတ်ယာဉ်နဲ့ ပို့ပြီး ဖိလစ်ပိုင်စစ်တပ်က တိုက်ပွဲ အရှိန်မြှင့်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ အရှေ့အလယ်ပိုင်းမှာ တိုက်ပွဲဝင်ဖူးတဲ့ အိုင်အက်စ် အဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်နေတဲ့အတွက် အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဖိလစ်ပိုင် သမ္မတ ဒူတားတေးက ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ခရစ်ယာန် ဘာသာဝင်တွေ အများစု နေထိုင်တဲ့ နိုင်ငံ ဖြစ်ပေမယ့် နိုင်ငံတောင်ပိုင်းက မင်ဒါနာအိုကျွန်းမှာရှိတဲ့ မာရာဝီမြို့ကတော့ မွတ်ဆလင် အများစု နေထိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ