ကိုလက်စထရော ကျတဲ့ ထိုးဆေး လူတွေအပေါ် စတင်စမ်းသပ်

  • 20 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သွေးကြောပိတ်လို့ သွေးလည်ပတ်မှုနှေးကွေး

လူတွေမှာ နှလုံးရောဂါဖြစ်ပွားမှုက ကာကွယ်နိုင်မယ်လို့ မျှော်လင့်ရတဲ့ ကိုလက်စထရော ကျတဲ့ ထိုးဆေးတမျိုးကို သိပ္ပံပညာရှင်တွေက လူတွေအပေါ် စတင်စမ်းသပ်နေပါတယ်။

ဒီထိုးဆေးကို ကြွက်တွေနဲ့ စမ်းသပ်တဲ့အခါ သွေးကြောအတွင်း အဆီပိတ်တာကို ရပ်အောင် လုပ်နိုင်တယ်လို့ နယ်သာလန်က သုတေသနလုပ်သူတွေ က ပြောပါတယ်။

ခန္ဓာကိုယ် ခုခံမှုစနစ်က သွေးထဲရှိ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖယ်ထုတ်ပစ်ပြီး ကုသတာဖြစ်ပါတယ်။

လူသန်းပေါင်းများစွာ နေစဉ်သောက်နေရတဲ့ ကိုလက်စထရော ကျတဲ့ စတက်တင်ဆေးတွေအစား ဒါမှမဟုတ် အဲဒီဆေးတွေနဲ့အတူ သုံးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ပါတယ်။

စမ်းသပ်မှုတွေ အပြီးသတ်ဖို့ ၆ နှစ်လောက် ကြာနိုင်ပါတယ် ။