ထရမ့် နဲ့ မိုဒီ တွေ့ဆုံပြီး ခိုင်မာတဲ့ ဆက်ဆံရေး ရရှိလို့ ထုတ်ဖော်

  • 26 ဇွန် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာ မိုဒီ ဟာ မိတ်ဆွေ အစစ်အမှန် ဖြစ်တယ်လို့ သမ္မတ ထရမ့် က သူ့ ရဲ့ လူမှု ကွန်ရက် မှာ ရေးသား ခဲ့

အမေရိကန်နိုင်ငံ ဝါရှင်တန် မြို့မှာ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ အိန္ဒိယ ဝန်ကြီး ချုပ် နာရန်ဒရာ မိုဒီ တို့ ဟာ ပထမဦးဆုံး အကြိမ် မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး နှစ်နိုင်ငံခြား ခိုင်မာ တဲ့ ဆက်ဆံရေး ကို တည်ဆောက် နိုင်ခဲ့တယ်လို့ ဒေါ် နယ် ထရမ့် က ပြောပါတယ်။

စစ်တပ် အကြားမှာ ပူးပေါင်း ဆောင်ရွက် ဖို့ ဆွေးနွေး နိုင်ခဲ့ ပါတယ်။ နောက်လ ထဲမှာ အိန္ဒိယ၊ ဂျပန် နဲ့ အမေရိကန် ပူးပေါင်း ပြီး အိန္ဒိယ သမုဒ္ဒရာ ထဲမှာ စစ်ရေး လေ့ကျင့် မှု လုပ်ဖို့ သဘောတူညီ နိုင်ခဲ့ကြောင်း နှစ်ဘက် ခေါင်းဆောင် တွေ က ထုတ်ဖော် ပြောကြားပါတယ်။

အဲဒီ့ တွေ့ဆုံပွဲမှာ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေး နိုင်ခဲ့ပြီး မစ္စတာ မိုဒီ ဟာ မိတ်ဆွေ အစစ်အမှန် ဖြစ်တယ်လို့ သမ္မတ ထရမ့် က သူ့ ရဲ့ လူမှု ကွန်ရက် မှာ ရေးသား ခဲ့ပါတယ်။

ဒါပေမယ့် အစိုးရ နှစ်ရပ် အကြားမှာ ရာသီဥတု ပြုပြင်ပြောင်းလဲ မှု ဆိုင်ရာ မူဝါဒ တွေ နဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒ တွေမှာတော့ သဘောထား ကွဲလွဲမှု တွေ ရှိခဲ့တယ် လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့ တဲ့ သတင်းထောက်တွေက ပြောပါတယ်။

နှစ်နိုင်ငံ တိုးတက်ရေး နဲ့ ဒေသတွင်း လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ အပြန်အလှန် လေးစား ယုံကြည်မှု အပြည် နဲ့ ဆွေးနွေး ခဲ့ကြတယ်လို့ လည်း မစ္စတာ မိုဒီ က ထုတ်ပြန် ထားပါတယ်။