Google ကို အီးယူ ဒေါ်လာဘီလျံချီ ဒဏ်တပ်

  • 27 ဇွန် 2017
ဓာတ်ပုံ မူပိုင် OLIVIER HOSLET
Image caption စျေးကွက်ကို ကြီးစိုးထားတယ်လို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်

Google အင်တာနက် ကုမ္ပဏီကြီးက သူ့ ဝက်ဆိုက်မှာ ကြော်ငြာတဲ့ စျေးဝယ် လုပ်ငန်းတွေကို ဦးစားပေးပြီး စျေးကွက်ကို ကြီးစိုးထားတယ်လို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်ခဲ့ပြီးနောက် ဒဏ်ကြေး ၂ ဒသမ ၇ ဘီလျံ ဒေါ်လာ ချမှတ်လိုက်ပါတယ်။

ဒါဟာ အပြိုင်အဆိုင် ယှဉ်ပြိုင်မှုတွေဆိုင်ရာ အမှု တခု အတွက် ဥရောပ ကော်မရှင်က အမြင့်ဆုံး ဒဏ်ကြေး ချမှတ်တာ ဖြစ်ပါတယ်။

Google က ပေးနေတဲ့ ဝန်ဆောင်မှုတွေမှာ မမျှမတ ဖြစ်နေလို့ ပြိုင်ဖက်တွေ ထိခိုက် နစ်နာစေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပြီးနောက် အခု ဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။