ဗင်နီဇွဲလား တရားရုံးချုပ် ရဟတ်ယာဉ်ပေါ်က ပစ်ခတ်

  • 28 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗင်နီဇွဲလား တရားရုံးချုပ် အဆောက်အအုံ

ဗင်နီဇွဲလား နိုင်ငံ တရားရုံးချုပ် ကို ရဟတ်ယာဉ်ပေါ်ကနေ လက်ပစ် ဗုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဗင်နီဇွဲလား စစ်တပ် တခုလုံးကို တပ်လှန့် ထားလိုက်ပြီလို့ ဗင်နီဇွဲလား သမတ နီးကလစ် မာဒူရိုက ရုပ်သံကနေ ကြေညာသွားပါတယ်။

ဒီတိုက်ခိုက်တဲ့လူဟာ လက်ပစ်ဗုံးတလုံးနဲ့ ပစ်ခတ်ခဲ့တာ မပေါက်ပါဘူး။ အဲဒီ တရားရုံးချုပ်မှာ အခမ်းနား တခု လုပ်နေတာပါ။ သူတို့အနေနဲ့ လူတွေကို သေကြေ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပါဘူး။ ရဟတ်ယာဉ်ပေါ်ကနေ တရားရုံးချုပ် နေရာတွေ ကို ပစ်ခတ်ခဲ့တာ အဲဒီနောက် ပြည်ထဲရေး ဝန်ကြီး ရုံးပေါ်ကနေ ဖြတ်ပျံသွားတာပါလို့ ဆိုပါတယ်။

ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှုလို့ သမ္မတ က ပြောကြားပြီး ဒီလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ပြောဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ဘယ်သူ တဦးတယောက်မှတော့ ထိခိုက်ဒဏ်ရာ ရရှိခြင်းတော့ မရှိပါ။ ဒီ ရဟတ်ယာဉ်ကို အရင် ရဲ အရာရှိ လုပ်ခဲ့ဖူးတဲ့ အော်စကာ ပီရက်စ် ဟာ သိမ်းယူ သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နောက်ပြီးသူက ဒီအစိုးရဟာ ရာဇဝတ်သားအစိုးရဖြစ်တယ်လို့လည်း ဆိုရှယ် မီဒီယာမှာ ကြေညာပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ