နယူးယောက်မြို့ ဆေးရုံ သေနတ်သမားကို အသေရရှိ

  • 30 ဇွန် 2017
Image caption ဆေးရုံရှိရာ အရပ်ကို ရှောင်ကြဉ်ဖို့ ရဲတပ်ဖွဲ့ သတိပေး

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ ဘရွန့်ဇ် အရပ်မှာ ရှိတဲ့ ဆေးရုံတစ်ရုံထဲ သေနတ် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့ပါတယ်။

ဆရာဝန် တစ်ယောက်လို ဝတ်ဆင်ထားတဲ့ သေနတ်သမားဟာ ကုတင် ၁ဝဝဝ ဆန့် လက်ဘနွန် အမည်ရှိတဲ့ ဆေးရုံထဲ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

လူ ၆ ယောက် သေနတ်ထိမှန်ခဲ့ပြီး အဲဒီထဲက အနည်းဆုံး ၁ ယောက် သေဆုံး သွားဖွယ် ရှိပါတယ်။

အခင်းဖြစ်ရာမှာ အသေတွေ့ရှိ ခဲရတဲ့ သေနတ်သမားဟာ ကိုယ့်ကိုယ် သတ်သေသွားတာ ဖြစ်တယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲ့ ကော်မရှင်နာ မင်းကြီးက အတည်ပြုပါတယ်။

သေနတ်သမားဟာ အဲဒီ ဆေးရုံမှာ အလုပ်လုပ်ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။

ဆေးရုံထဲက အခန်းတွေထဲ ပုန်းအောင်း နေကြရတယ် ဆိုပြီး အဲဒီမှာ အလုပ်လုပ်ကိုင် နေကြတဲ့ ဆရာဝန်တွေ သူနာပြုတွေက ရေးတင်တာတွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ် တွေ့ ခဲ့ရပါတယ်။

ဆေးရုံ အဆောက်အဦထဲ မီးလောင်မှု ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ဆေးရုံကို တစ်ထပ်ချင်းစီ ရှင်းလင်း ခဲ့ပါတယ်။

တခြား သေနတ်သမားတွေ ရှိနေလို့ လိုက်ရှာ ကြတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အခင်း ဖြစ်ပေါ် နေတဲ့ ဆေးရုံရှိရာ အရပ်ကို မသွားပဲ ရှောင်ကြဉ်ကြဖို့ နယူးယောက် ရဲတပ်ဖွဲ့က တွစ်တာ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့် အများပြည်သူကို သတိပေး ထားပါတယ်။