အစိုးရ ဘတ်ဂျက် လျှော့ချရေး မူဝါဒ အဆုံးသတ်ဖို့ လန်ဒန်မှာ ချီတက် တောင်းဆို

  • 1 ဇူလိုင် 2017
Image caption လန်ဒန်မြို့တော်မှာ စုဝေး ချီတက်

ဗြိတိသျှ အစိုးရရဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒတွေကို ဆန့်ကျင်တဲ့ အနေနဲ့ လူ ထောင်ပေါင်း များစွာဟာ လန်ဒန်မြို့တော်မှာ စုဝေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ကွန်ဆာဗေးတစ် အစိုးရ ကျင့်သုံးနေတဲ့ အသုံးစားရိတ် လျှော့ချ ဖြတ်တောက်ရေး အစီအစဉ် တွေ အဆုံးသတ်ဖို့နဲ့ ဝန်ကြီးချုပ် ထရီဆာမေ ရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြသူ တွေ တောင်းဆို ခဲ့ကြပါတယ်။

ကွန်ဆာဗေးတစ် ပါတီနဲ့ သူတို့ရဲ့ မူဝါဒတွေ မအောင်မမြင် ဖြစ်နေချိန်မှာ အတိုက်အခံတွေ အနေနဲ့ တိုးတက် အောင်မြင်မှုတွေ ရလာ နေပြီလို့ လေဘာပါတီ ခေါင်းဆောင် ဂျရမီကိုဘင်က ဆန္ဒပြ လူထုကို ပြောဆို ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါလီမန်ထဲ လွှမ်းမိုး ထားနိုင်ခဲ့တဲ့ အခြေအနေကို ကွန်ဆာဗေးတစ်ပါတီ လက်လွှတ် ခဲ့ရပြီး၊ လေဘာပါတီက နေရာ ပိုမို ရရှိ နိုင်ခဲ့ပါတယ်။