ရွှေ့ပြောင်းသူ နေရာချရေး စနစ်တစ်ရပ် ခိုင်ခိုင်မာမာ ရှိဖို့ လိုအပ်

  • 1 ဇူလိုင် 2017
Image caption ရွှေ့ပြောင်းသူတွေကို အီတလီ နိုင်ငံ အနေနဲ့ ပိုပြီး ကူညီမှုတွေ ပေးဖို့ တောင်းဆို

အာဖရိက တိုက်ကနေ ထွက်လာပြီး မြေထဲ ပင်လယ်ကို ဖြတ်ကူးနေကြတဲ့ ရွှေ့ပြောင်းသူတွေကို အီတလီ နိုင်ငံ အနေနဲ့ ပိုပြီး ကူညီမှုတွေ ပေးဖို့ တောင်းဆို နေကြသူတွေထဲ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ လည်း ပါဝင် လာပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူတွေကို နေရာ ချထားရေးနဲ့ ပတ်သက်ပြီး ဥရောပ နိုင်ငံတွေ အနေနဲ့ ပိုပြီး စည်းစနစ် ကျနတဲ့ စနစ်တစ်ရပ် သဘောတူ ထားရှိဖို့ အရေးတကြီး လိုအပ် နေပြီ လို့လည်း မစ္စတာ ဂရန်ဒီက ဆိုပါတယ်။

လူတွေ ရွှေ့ပြောင်းရအောင် ဖြစ်စေတဲ့ အရင်းခံ အကြောင်းတရား တွေကို ကိုင်တွယ်ရေးနဲ့ လူမှောင်ခို ပြဿနာတွေ ဖြေရှင်းရေးတွေ မှာလည်း နိုင်ငံတကာက ပိုမို ပူးပေါင်း ဆောင်ရွက်ကြပါ ဆိုပြီး မစ္စတာ ဂရန်ဒီက တိုက်တွန်း နေပါတယ်။

အခုနှစ် အတွင်းမှာကို အီတလီ ကမ်းရိုးတန်းဆီ ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက် ၈ သောင်းကျော် ရှိသွားပြီ ဖြစ်ပြီး ပင်လယ်ထဲ အသက်ဆုံးရှုံး ခဲ့တဲ့ ပမာဏ အနည်းဆုံး ၂ ထောင် ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်း ရပါတယ်။