စင်္ကာပူ ပြည်တွင်းရေးထဲ နိုင်ငံခြားသားတွေ မပါဝင်ရ

  • 1 ဇူလိုင် 2017
Image caption စင်္ကာပူ ပြည်တွင်းရေးတွေမှာ နိုင်ငံခြားသားတွေရဲ့ အထောက်အပံ့နဲ့ အားပေးကူညီမှု မရယူရ

စင်္ကာပူ နိုင်ငံမှာ ပြုလုပ်တဲ့ လိင်တူချစ်သူများ အခွင့်အရေး နှစ်ပတ်လည် စုဝေး ပွဲမှာ တက်ရောက်သူတွေဟာ ပထမဆုံး အကြိမ် အနေနဲ့ သူတို့ဟာ စင်္ကာပူ နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်း နေထိုင်ခွင့် ရထားသူတွေ ဖြစ်ကြောင်း သက်သေခံ လက်မှတ်တွေကို အာဏာပိုင်တွေကို ပြသခဲ့ကြ ရပါတယ်။

Pink Dot SG ရယ်လို့ အသိများတဲ့ နှစ်စဉ် ပြုလုပ်မြဲ ဒီ စုဝေးပွဲမှာ နိုင်ငံခြားသားတွေကို ပါဝင်ခွင့် မပြုတော့သလို၊ နိုင်ငံခြား ကုမ္ပဏီတွေကိုလည်း စပွန်ဆာ မပေးရ ဆိုပြီး ပြဌာန်းလာတဲ့ စင်္ကာပူ ဥပဒေသစ် အရ အခုလို ID ကဒ်ပြားတွေကို စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူ ပြည်တွင်းရေးတွေမှာ နိုင်ငံခြားသားတွေရဲ့ အထောက်အပံ့နဲ့ အားပေးကူညီမှု မရယူရဘူး ဆိုတဲ့ မူဝါဒနဲ့ စင်္ကာပူ အစိုးရက အခုလို တင်းကြပ်ခဲ့တာလို့ ဆိုပါတယ်။

စီးပွားရေး ဖွံ့ဖြိုးပေမယ့်၊ ရှေးရိုးစွဲ လူမှု အသိုင်းအဝိုင်း လွှမ်းမိုးထားဆဲ စင်္ကာပူ နိုင်ငံမှာ လိင်တူ ဆက်ဆံတာကို ဥပဒေ ချိုးဖောက်တဲ့ လုပ်ရပ် အဖြစ် သတ်မှတ် ထားဆဲ ဖြစ်ပါတယ်။