ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းအနီး အမေရိကန် စစ်သင်္ဘော ခုတ်မောင်းပြန်

  • 2 ဇူလိုင် 2017
Image caption တရစ်တန် ကျွန်းအနီး အမေရိကန် စစ်သင်္ဘော ခုတ်မောင်း

တောင်တရုတ် ပင်လယ်ပြင်ထဲ ပြဿနာတွေ ရှုပ်ထွေးအောင် အမေရိကန်က ပြုမူ နေတယ် ဆိုပြီး တရုတ် နိုင်ငံက စွပ်စွဲ ပြစ်တင် လိုက်ပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတစ်ကျွန်း အနီးထိ အမေရိကန် စစ်သင်္ဘော USS Stetham ခုတ်မောင်း လာတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီး နောက်ပိုင်း တရုတ်ဘက်က အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။

USS Stetham ဟာ တရုတ် ရေပိုင်နက်ထဲ ဝင်ရောက်လာပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါး လာတာကြောင့် တရုတ် စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ စေလွှတ်ပြီး သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ရာ ကျွန်းဟာ ပါရာဆဲလ် ကျွန်းစုတွေထဲက တရစ်တန် ကျွန်းဖြစ်ပြီး တရုတ်က သူတို့ပိုင် ဖြစ်တယ်လို့ ပြောတာကို အမေရိကန်က အသိအမှတ် မပြုပါဘူး။

ဒီ ကျွန်းကို ထိုင်ဝမ်နဲ့ ဗီယက်နမ် တို့ကလည်း သူတို့ပိုင် ဖြစ်ကြောင်း အသီးသီး ပြောဆို ထားပါတယ်။