တရုတ်သမ္မတက အမေရိကန်သမ္မတဆီ ဖုန်းဆက် သတိပေး

  • 3 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီစစ်သင်္ဘောက တရုတ်ပိုင်ကျွန်းနားကို ရောက်ခဲ့။ ဒီပုံကတော့ ၂၀၁၅ တုန်းက ရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ်။

တရုတ် နဲ့ အမေရိကန် နှစ်နိုင်ငံကြား 'အနှုတ်လက္ခာဆောင်တဲ့ အကြောင်းအချက်တွေ'ကြောင့် ဆက်ဆံရေးကို ထိခိုက်နေတယ်လို့ တရုတ်သမ္မတ ရှီဂျင်ပင်းက သမ္မတထရမ့်ကို တယ်လီဖုန်းပေါ်ကနေ ပြောလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက တရုတ်ပိုင်ကျွန်းတစ်ကျွန်းအနီးကို တရုတ်စစ်သင်္ဘောတစ်စီး ခုတ်မောင်းခဲ့ပြီးနောက် သမ္မတ ရှီက အမေရိကန်သမ္မတနဲ့ ဖုန်းပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်စစ်သင်္ဘောခုတ်မောင်းတာက နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ရန်စတာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်ကလည်း မြောက်ကိုးရီးယားကိစ္စ၊ ထိုင်ဝမ်ကိစ္စအပြင် လူကုန်ကူးမှု ကိစ္စရပ်တွေကြောင့် တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေး မချောမွေ့ခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ