ကာလသား ရောဂါ ဆေးမတိုးတော့ဘူးလို့ WHO သတိပေး

  • 7 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Thinkstock
Image caption ကာလသား ရောဂါပိုး ဆေးမတိုး

လိင်ဆက်ဆံရာကနေ ကူးတဲ့ ဂနိုးရီးယားဆိုတဲ့ ကာလသား ရောဂါ ပိုးဟာ အလျင်အမြန် ကူးစက် ပြန့်ပွားနိုင်ပြီး ပဋိဇီ၀ဆေး မတိုးတော့ဘူးလို့ ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံပေါင်း ၇၇ ခုမှာ လေ့လာဆန်းစစ်ကြည့်တဲ့ အခါ ဂျပန် ပြင်သစ်နဲ့ စပိန်တို့မှာ တွေ့ရတဲ့ ရောဂါ ဖြစ်ပွားမှုတွေဟာ ကုလို့ လုံး၀ မရဘူးတော့ဘူးလို့ WHO ကလေ့လာ တွေ့ရှိခဲ့ပါတယ်။

ရောဂါပိုးပြန့်ပွားမှုဟာ ဒီ ပြဿနာကို စောင့်ကြည့် ကိုင်တွယ် ဖြေရှင်းမှု နည်းပါးတဲ့ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အဖြစ်များတယ်လို့ WHO က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ