မက္ကဆီကို မှာ ထောင်ဆူ

  • 7 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption Acapulco အကျဉ်းထောင်ထဲကို လုံခြုံရေး ရဲတွေ ဝင်ရောက်ဖို့ ပြင်နေပုံ

မက္ကဆီကို နိုင်ငံ Acapulco မြို့က အကျဉ်းထောင်မှာ ထောင်သားအချင်းချင်း ခိုက်ရန်ဖြစ်မှုကြောင့် အကျဉ်းသား ၂၈ယောက် သေဆုံးသွားပြီး သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြိုင်ဖက် ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှု ဖြစ်တာလို့ Guerrero ပြည်နယ်က အရာရှိတွေက ဆိုပါတယ်။

အနည်းဆုံး အကျဉ်းသားလေးယောက်လောက် ခေါင်းဖြတ်ခံရတယ်လို့ ရဲက ပြောပါတယ်။

ဒါဟာ မက္ကဆီကို သမိုင်းမှာ ၂၀၁၇ ခုနှစ်အတွက် အဆိုးရွားဆုံး ထောင်ဆူမှု ဖြစ်ပါတယ်။

အမေရိကန် လုံခြုံရေးနဲ့ ပြည်ထဲရေး ဆိုင်ရာ အကြီးအကဲ John Kelly ပြည်နယ်ကို ရောက်လာပြီး မူးယစ်ဆေး ထုတ်လုပ်ရာ ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို အကာပူလ်ကို မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ