အတိုက်အခံကို ထောင်ကနေ လွှတ်ပေးဖို့ ဗင်နီဇွဲလားသမ္မတ ပြော

  • 9 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံခေါင်းဆောင် လိုပက်ဇ်ကို အကျဉ်းထောင်ကနေ အိမ်အကျယ်ချုပ် ပြောင်းရွှေ့ချ

ဗင်နီဇွဲလားနိုင်ငံမှာ အဓိက အတိုက်အခံခေါင်းဆောင် တဦး ဖြစ်တဲ့ Leopoldo Lopez ကို အကျဉ်းထောင်ကနေ လွှတ်ပေးဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ နီကိုလက်စ် မက်ဒူရိုက ချီးကြူးပြောဆိုလိုက်ပါတယ်။

ဗင်နီဇွဲလား အစိုးရ အနေနဲ့ မစ္စတာ လိုပက်ဇ်ကို ငြိမ်းချမ်းရေး သတင်းစကား ပါးလိုက်တယ်လို့ သမ္မတ မက်ဒူရိုက ပြောကြားလိုက်ပြီး အမျိုးသားရေး ရင်ကြားစေ့ရေး ကြိုးပမ်းဖို့ ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ လိုပက်ဇ်ကို စစ်အကျဉ်းထောင်ထဲမှာ ၃နှစ်ကျော် ထိန်းသိမ်းထားခဲ့အပြီး စနေနေ့ မနက်တုန်းက နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ ချထားခဲ့ပါတယ်။

အိမ်ပြန်ရောက်ပြီး နာရီပိုင်းအကြာမှာပဲ မစ္စတာ လိုပက်ဇ်က သမ္မတ မက်ဒူရို အစိုးရကို လမ်းမပေါ်ထွက် ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်လုပ်ကြဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ လိုပက်ဇ်ဟာ အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်မှုနဲ့ ထောင်ဒဏ် ၁၄နှစ် ကျခံနေရတာဖြစ်ပါတယ်။

သူကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။