သံရုံးဝင်းတွေ ပြန်မဖွင့်ရင် လက်တုံ့ပြန်မယ်လို့ ရုရှား သတိပေး

  • 11 ဇူလိုင် 2017
Image caption ဝန်ကြီး လက်ဗ်ရော့ဗ်က သတိပေး ပြောဆို

သမ္မတ အိုဘားမား လက်ထက်က ပိတ်ပစ်ခဲ့တဲ့ ရုရှား သံတမန် အဆောက်အဦ ဝင်း နှစ်ခုကို ပြန်ပေးဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က တောင်းဆို လိုက်ပါတယ်။

တကယ်လို့ ပြန်မပေးရင် လက်တုံ့ပြန် ဆောင်ရွက်မှုတွေ ပြုလုပ် ရလိမ့်မယ် ဆိုပြီးတော့လည်း ဝန်ကြီး လက်ဗ်ရော့ဗ်က သတိပေး ပြောဆိုပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း ရုရှားတို့ စွက်ဖက် ခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့တဲ့နောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက သမ္မတ အိုဘားမား အစိုးရဟာ ရုရှား သံတမန် အဆောက်အဦ ဝင်း နှစ်ခုကို ပိတ်ပစ်ခဲ့ပြီး သံအမှုထမ်း ၃၅ ယောက်ကို တိုင်းပြည်ထဲ ကနေ ထွက်သွား စေခဲ့ပါတယ်။

အဲဒီ အချိန်တုန်းကတော့ သမ္မတ ပူတင်က တာဝန်မဲ့တဲ့ အမေရိကန်တို့ရဲ့ သံခင်းတမန်ခင်း အပြုအမူ အဆင့်အထိ ရုရှားကို လျှော့မချ ချင်တဲ့အတွက် လက်တုံ့ပြန် မှာ မဟုတ်ဘူး ဆိုပြီး ပြေဆို ခဲ့ပါတယ်။