ဆင်ကို ပင်လယ်ထဲ လိုက်ကယ်ရ

  • 12 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် HANDOUT
Image caption ကြိုးတွေနဲ့ ရေတိမ်ပိုင်းကို တဖြည်းဖြည်း ပြန်ဆွဲခဲ့ရ

သီရိလင်္ကာမှာ ရေတပ်က ဆင်တကောင်ကို ပင်လယ်ထဲ လိုက်ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆင်ဟာ လှိုင်းလုံးရိုက်ပြီး ပင်လယ်ထဲ ၅ မိုင်လောက် မျောသွားတာ ဖြစ်ပါတယ်။

၁၂ နာရီကြာ ကယ်ဆယ်ခဲ့ရပြီး ပတ္တရောင် လှည့်နေတဲ့ ရေတပ် သင်္ဘော တစင်းက ပင်လယ်ထဲ ယက်ကန်ယက်ကန်နဲ့ ကူးနေတဲ့ ဆင်ကြီးကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

သစ်တော အရာရှိတွေ၊ ရေငုပ်သမားတွေက ဆင်နားကို ချဉ်းကပ်ပြီး ကြိုးတွေနဲ့ ရေတိမ်ပိုင်းကို တဖြည်းဖြည်း ပြန်ဆွဲခဲ့ရပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းက ကမ်းရိုးတန်းမှာ ဆင်ကို ကမ်းပေါ် ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို အံ့ဘွယ်သရဲ ကယ်ဆယ်ခဲ့ရမှု အဖြစ် ရေတပ် အရာရှိတွေက ဆိုပါတယ်။ ဆင်ရိုင်းတွေ ပေါတဲ့ ဒီဒေသက သစ်တောကြီး ၂ ခုကြားမှာ ရှိတဲ့ ရေအိုင်ကြီးကို ဖြတ်ရင်း ဒီဆင် ပင်လယ်ထဲ မျောပါလာပုံ ရတယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ