လူရှောက်ဘို ကွယ်လွန်ပြီ

  • 13 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုဘယ်ဆုပေးပွဲ လူရှောက်ဘို မတက်နိုင်ခဲ့

တရုတ်ပြည်ရဲ့ တယောက်တည်းသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူရှောက်ဘို အသက် ၆၁ နှစ်မှာ ကွယ်လွန်သွားပါပြီ။

မကွယ်လွန်ခင်မှာ ကင်ဆာ ရောဂါ ကုသဖို့ အကျဉ်းထောင်ကနေ ဆေးရုံကို သူ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။

တရုတ်နိုင်ငံကို တပါတီ အုပ်ချုပ်တဲ့ စနစ်က ပြောင်းလဲဖို့ အင်တာနက်မှာ စာရေးသား ဖြန့်ဝေ ခဲ့လို့ ထောင် ၁၁ နှစ် ကျခံနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြား သွားပြီး ဆေးကုသ ခံနိုင်ဖို့ သူ့ကို သွားခွင့်ပြုပါဆိုပြီး အနောက်နိုင်ငံ တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တရုတ် အစိုးရကို တောင်းဆိုခဲ့ကြပေမယ့် ပယ်ချ ခံခဲ့ရပါတယ်။

လူရှောက်ဘိုဟာ ငြိမ်းချမ်းစွာ ပြုပြင် ပြောင်းလဲရေး လမ်းကို အစဉ်တစိုက် ရေးသား လာခဲ့တဲ့ စာရေးဆရာ အတွေးအခေါ် ပညာရှင် တယောက် ဖြစ်ပါတယ်။

သူဟာ ၁၉၈၉ က နှိမ်နင်းခံခဲ့ရတဲ့ ဘေဂျင်း တီယန်နန်မင် ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ အဓိက ပါဝင်ခဲ့တဲ့ ဆန္ဒပြသူတွေထဲက တယောက်လည်း ဖြစ်ပါတယ်။