လင်ကင်ပါ့ခ်က ဘန်နင်းတန် ကွယ်လွန်

  • 21 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အယ်လ်ဘန်ပေါင်း သန်း ၇ဝ ကျော် ရောင်းချခဲ့ရပြီး ဂရမ်မီ ဆု နှစ်ကြိမ် ဆွတ်ခူး

Linkin Park တီးဝိုင်းက အဆိုတော်နဲ့ တေးရေးဆရာ Chester Bennington ကွယ်လွန်သွားပါပြီ။

သူ့ကိုယ်သူ ဆွဲကြိုးချ အဆုံးစီရင်သွားတာလို့ လော့စ် အိန်ဂျလိစ် က သေမှုသေခင်း စုံစမ်းရေး အရာရှိက ပြောပါတယ်။

မနေ့က ကြာသပတေးနေ့ ဒေသစံတော်ချိန် ၉ နာရီမှာ သူ့ရဲ့အိမ်မှာ သေလျက်သား တွေ့ရတာ ဖြစ်ပါတယ်။

သူဟာ အရက်နဲ့ မူးယစ်ဆေးစွဲနေပြီး ကွယ်လွန်ချိန်မှာ အသက် ၄၁ ရှိကာ အိမ်ထောင်နှစ်ဆက်နဲ့ ကလေးခြောက်ယောက် ကျန်ခဲ့ပါတယ်။

Linkin Park တီးဝိုင်း ကို ၁၉၉၆ ခုနှစ်တုန်းက စတည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာတလွှား အယ်လ်မ်ဘပေါင်း သန်း ၇ဝ ကျော် ရောင်းချခဲ့ရပြီး ဂရမ်မီ ဆု နှစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။