ရုရှား အရာရှိတွေနဲ့ တွေ့ဆုံခဲ့သမျှ အပြစ်ကင်းတယ်လို့ ခွတ်ရှ်နာပြော

  • 24 ဇူလိုင် 2017
Image caption ရုရှား အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုတွေကို ဖော်ပြဖို့ ပျက်ကွက်ခဲ့

သမ္မတ ထရမ့်ရဲ့ သားမက် တော်စပ်သူလည်းဖြစ်၊ အနီးကပ် အကြံပေး တစ်ယောက်လည်း ဖြစ်တဲ့ ဂျားရက် ခွတ်ရှ်နာက ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း သူအပါအဝင် ထရမ့် အောင်နိုင်ရေး အဖွဲ့က ဘယ်သူမှ ရုရှားနဲ့ကြား ပူးပေါင်း ကြံစည် လုပ်ဆောင် တာမျိုးတွေ မကျူး လွန်ခဲ့ဘူး ဆိုပြီး ကွန်ဂရက်စ်လွှတ်တော်က စုံစမ်းရေး အဖွဲ့ထံ ထွက်ဆို ခဲ့ပါတယ်။

ဖြစ်ပေါ်နေတဲ့ စွပ်စွဲမှုတွေကို မစ္စတာ ခွတ်ရှ်နာရဲ့ ပထမဆုံး အကြိမ် ရုပ်မြင်သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဖြေဆို ခဲ့မှု အတွင်း ရုရှားကိုယ်စားလှယ်တွေနဲ့ သူနဲ့ကြား ဆက်သွယ်ခဲ့မှု တိုင်းဟာ အပြစ်ကင်းတယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် သူ့ရဲ့ စီးပွားရေး လုပ်ငန်းဟာ ရုရှားတို့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့တွေ အပေါ် မှီခို နေရတာ မဟုတ်ဘူးလို့လည်း မစ္စတာ ခွတ်ရှ်နာက ဆိုပါတယ်။

လုံခြုံရေး ဆိုင်ရာ အရှုပ်အရှင်း ပြဿနာ ကင်းရှင်း ကြောင်း လျှောက်လွှာကို ဖြည့်စွက် ခဲ့တုန်းက ရုရှား အရာရှိတွေနဲ့ တွေ့ဆုံ ခဲ့မှုတွေကို ထည့်သွင်း ဖော်ပြဖို့ ပျက်ကွက် ခဲ့တဲ့ အပေါ်မှာတော့ ဒါဟာ ရုံးလုပ်ထုံး လုပ်နည်း စီမံ ခန့်ခွဲပုံ အမှားကြောင့် ဖြစ်ရတာ ဆိုပြီး အပြစ် ပုံချ သွားပါတယ်။