အိုးဘားမားကဲ ဖျက်ရေး ထရမ့် ကြိုးစားမှု ရှေ့တလှမ်း တိုးလာနိုင်

  • 25 ဇူလိုင် 2017
Image caption မိုက်ပဲန့်စ်က ဆွေးနွေးရေးဘက် အဆုံးအဖြတ် မဲ ပေးခဲ့

သမ္မတအိုဘားမား လက်ထက် ဖော်ဆောင် ခဲ့သမျှ မူဝါဒတွေထဲ အထင်ကရ အဖြစ်ဆုံး ကျန်းမာရေး ဆိုင်ရာ ဥပဒေကို ဖျက်သိမ်းရမလား ဆိုတာ အမေရိကန် အထက် ဆီးနိတ်လွှတ်တော်ထဲ ဆွေးနွေး လာတော့မှာ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးလာဖို့ အခြေအနေ ရောက်လာအောင် မဲခွဲဆုံးဖြတ် ခဲ့ရမှာ မဲ ဆတူ ဖြစ်နေလို့ ဒုတိယ သမ္မတ မိုက်ပဲန့်စ်က ဆွေးနွေးရေးဘက် အဆုံးအဖြတ် မဲ ပေးခဲ့တာ ဖြစ်ပါတယ်။

အိုးဘားမားကဲ လို့ ခေါ်တဲ့ အားလုံး လက်လှမ်းမှီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဖျက်သိမ်းဖို့ သမ္မတ ထရမ့်ရဲ့ ကြိုးစားနေမှုတွေ ရှေ့ကို ခြေတလှမ်း တိုးလာ နိုင်တာ ဖြစ်ပါတယ်။

တခါ၊ အမေရိကန် အောက်လွှတ်တော်ထဲမှာလည်း ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယား တို့ အပေါ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့ လွှတ်တော် အမတ်တွေ တခဲနက် ဆုံးဖြတ် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတုန်းက ကြားဝင် စွက်ဖက်မှုတွေ ပြုလုပ်ခဲ့လို့ ဆိုတဲ့ စွဲချက်နဲ့ ရုရှား အပေါ် အရေးယူ ဒဏ်ခတ်တာတွေ ပြုလုပ်မှာ ဖြစ်ပြီး၊ မြောက်ကိုရီးယားနဲ့ အီရန် နိုင်ငံတွေ အပေါ်မှာတော့ သူတို့ အသီးသီး လုပ်ဆောင်နေတဲ့ ဒုံးကျည် စီမံကိန်းတွေ အတွက် ပိတ်ဆို့မှု အသစ်တွေ ချမှတ် မှာ ဖြစ်ပါတယ်။

အောက်လွှတ်တော်ရဲ့ အခု ဆုံးဖြတ်ချက်ကို သမ္မတ ထရမ့် လက်မှတ်ရေးထိုးဖို့ အိမ်ဖြူတော်ကို မပို့ခင် အထက် ဆီးနိတ် လွှတ်တော်ကို ကျော်ဖြတ် ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ