ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက်

  • 28 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption သူ့မတိုင်မီ ဝန်ကြီးချုပ် ၁၇ဉီးစလုံးကလည်း သူလိုပဲ ဝန်ကြီးချုပ် ရာထူးသက်တန်း ၅နှစ်မပြည့်မီနှုတ်ထွက်ပေးခဲ့ရ

ပါကစ္စတန်ဝန်ကြီးချုပ် နာဝါ့ဇ် ရှရစ်ဖ်ဟာ ရာထူးနေရာနဲ့ မအပ်စပ်တော့ကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ချက် ချအပြီးမှာ ဝန်ကြီးချုပ်သက်တမ်း ၅နှစ် ပြည့်ဖို့ တစ်နှစ်ကျော်လိုသေးတဲ့ မစ္စတာ ရှရစ်ဖ်လည်း ရာထူးက နုတ်ထွက်သွားပါတယ်။

တရားသူကြီး ၅ပါးထိုင်တဲ့ အစ္စလာမ်မါဘတ် တရားရုံးက ပနားမား စာတမ်းတွေမှာ ဖော်ပြထားသလို မစ္စတာ နာဝါ့ဇ် ရှရစ် မိသားစု ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ ကမ်းလွန်ရေနံကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လည်းပါဝင်နေတာ ကို စုံစမ်းတွေ့ရှိရတဲ့အတွက် ဝန်ကြီးချုပ်တာဝန် ဆက်လက်ယူဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

နာဝါ့ဇ် ရှရစ် ဟာ ရိုးသားဖြောင့်မတ်တဲ့ လွှတ်တော်အမတ် တစ်ဉီး မဟုတ်ဘူးလို့ လည်းတရားသူကြီး တစ်ဉီးက ဆိုပါတယ်။

မစ္စတာ ရှရစ်ကတော့ သူ့ဘက်က အဂတိလိုက်စားမှုမရှိဘူးလို့ တစိုက်မတ်မတ်ငြင်းခဲ့ပါတယ်။

မစ္စတာ ရှရစ် သမီးဖြစ်သူ Maryam နဲ့ သားမက် Safdar အပြင် ဘဏ္ဏာရေးဝန်ကြီး Ishaq Darနဲ့ တခြားသူတွေပါ ဒီအဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ တရားရုံးက ဆိုပါတယ်။

တရားလွှတ်တော်ချုပ်က စီရင်ချက် ချလိုက်ပြီးတဲ့ အခါမှာ မြို့လုံခြုံရေးကို အကြီးအကျယ် တိုးချလိုက်ပါတယ်။ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး နဲ့ အထူးတပ်ဖွဲ့ဝင်တွေက တရားလွှတ်တော်ချုပ်တဝိုက်မှာ လုံခြုံရေး ချထားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အထူးတပ်ဖွဲ့ဝင်တွေက တရားလွှတ်တော်ချုပ်တဝိုက်မှာ လုံခြုံရေး ချထား

ဒီအမှုကိုတရားလွှတ်တော်ချုပ်မှာ အယူခံခွင့်ရှိပေမယ့် စောစောပိုင်းမှာ တရားရုံးချုပ်ကကြားနာဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကြားနာပေးဖို့ အသနားခံလွှာတင်ရတဲ့ အပြင် အစဉ်အလာမဟုတ်ပဲ တရားလွှတ်တော်ချုပ်က စစ်ထောက်လှမ်းရေးတွေ လွှမ်းမိုးတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။

တရားလွှတ်တော်ချုပ်ရဲ့ စီရင်ချက်က အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ကနဉီး ခြေလှမ်းလို့ ယူဆနိုင်ပေမယ့် တချို့ကတော့ ပါကစ္စတန်နိုင်ငံမှာ အလွန် သြဇာအာဏာရှိတဲ့ စစ်တပ်က အရပ်ဘက်ရဲ့ စီရင်ဆုံးဖြတ်ခွင့်အာဏာကို ထိန်းချုပ်တဲ့ ခြေလှမ်းတရပ်လို့ မြင်ပါတယ်။

ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးကလည်း တရားရုံးရဲ့ စီရင်ချက်ကို စိတ်ပျက်မီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကျွမ်းကျင်သူတွေနဲ့ တိုင်ပင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

PMLN ပါတီရဲ့ ပြောခွင့်ရသူတစ်ဉီးအနေနဲ့ လူထုကိုပြောချင်တာကတော့ ဒီစီရင်ချက်ထဲမှာ အဂတိလိုက်စားတယ်တယ်ဆိုတဲ့ အမှု တစ်မှုမှ မပြနိုင်တာပါပဲလို့ သူက ပြောပါတယ်။

တကယ်တော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုတာ အိပ်မက်သာဖြစ်ပြီး ဒီကနေ့ ချမှတ်လိုက်တဲ့ စီရင်ချက်က နောက်တက်လာမယ့် နိုင်ငံရေးသမား အုပ်စုအတွက် အာဏာတံခါးပေါက်ကြီး ဖွင့်ပေးလိုက်တာသာဖြစ်ပါတယ် လို့ ဘီဘီစီ သတင်းထောက် Ilyas Khan သုံးသပ်ပါထားပါတယ်။

နာဝါစ်ရှရစ် ဟာ ပါကစ္စတန်နိုင်ငံရဲ့ ၁၈ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်ပါတယ်။

သူ့မတိုင်မီ ဝန်ကြီးချုပ် ၁၇ဉီးစလုံးကလည်း သူလိုပဲ ဝန်ကြီးချုပ် ရာထူးသက်တန်း ၅နှစ်မပြည့်မီနှုတ်ထွက်ပေးခဲ့ကြရပါတယ်။

နာဝါစ်ရှရစ်ဟာ ၁၉၉၀မှ ၁၉၉၃ မှာ တကြီမ်၊ ၁၉၉၇ မှ ၁၉၉၉ ခုအထိတကြိမ်၊ အခုတကြီမ် နဲ့ ဆိုရင် ဝန်ကြီးချုပ်၃ကြီမ် အရွေးခံခဲ့ရသူ ဖြစ်ပါတယ်။