ပါကစ္စတန်ဝန်ကြီးချုပ်က သူ့မှာ အပြစ်မရှိဘူးလို့ဆို

  • 29 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သူ့အစ်ကို ရှာဘတ်စ် ရှရစ်ဖ်သာ ဝန်ကြီးချုပ် ရာထူးနေရာကို ဆက်ခံလိမ့်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကဆို

တရားရုံးက အရည်အချင်းပျက်ယွင်းတယ်လို့ဆုံးဖြတ်ပြီး သောကြာနေ့က ရာထူးကနေ အဖယ်ရှားခံခဲ့ရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် နဝပ်ဇ် ရှရစ်ဖ်က တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ်ပေမယ့် သူ့အနေနဲ့ ကတော့ လိပ်ပြာသန့်တယ်လို့ ပြောလိုက်ပါတယ်။

ရာထူးကနေ အဖယ်ရှားခံခဲ့ရပြီးနောက် သူ့အနေနဲ့ ပထမဆုံး မှတ်ချက်ထုတ်ဖော်ပြောဆိုတာလည်း ဖြစ်ပါတယ်။

တရားရုံးက ဘာ့ကြောင့် အခုလို ဆုံးဖြတ်သလဲဆိုတာကို သူ့အနေနဲ့ နားမလည်နိုင်ဘူးလို့လည်း ဆိုပါတယ်။

သူ့ပါတီက သူ့နေရာကို ဆက်ခံဖို့ အရင် ရေနံဝန်ကြီးဟောင်း ရှာဟစ် အဘတ်ဆီကို ရွေးချယ်ထားပါတယ်။

ဒါပေမယ့် မစ္စတာ ရှာရစ်ဖ်ကတော့ နောက်ဆုံးမှာ သူ့အစ်ကိုပဲ ဆက်ခံရလိမ့်မယ်လို့ ဆိုပါတယ်။

အတိုက်အခံ ပါကစ္စတန် တရားမျှတရေး လှုပ်ရှားမှု အဖွဲ့ရဲ့ ခေါင်းဆောင် အီမရန် ခန်းကတော့ ဒီမှတ်ချက်ဟာ တော်တော်ကြောင်တယ်လို့ ဆိုပါတယ်။ ဆွေစဉ်မျိုးဆက် နေရာဆက်ခံတာဟာ ပဒေသရာဇ်စနစ်မှာပဲရှိတယ်လို့ သူကဆိုပါတယ်။